Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း တိုးမြှင့် ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကိုလည်း တိုးမြှင့် ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ပေးရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှာကြား

ပဲခူး စက်တင်ဘာ ၃၀

=================

          စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပြင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ပေးရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင် ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေး၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လမ်းညွှန်ပြောကြား ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်မှုများ ပြန်လည်တွေ့ရှိလာပြီ ဖြစ်၍ ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များအတိုင်း နေထိုင်သွားလာရန်လိုအပ်ကြောင်း၊ မိုးရာသီ ဆည်/တမံများအလိုက် ရေသိုလှောင်မှုပမာဏ ရာနှုန်းပြည့်မီပြီဖြစ်၍ လာမည့်နွေရာသီတွင် နွေးစပါးတိုးချဲ့စိုက်ပျိုးသွားရ မည်ဖြစ်ကြောင်း၊ ဆောင်နေကြာ၊ ပဲတီစိမ်းများ တိုးချဲ့စိုက်ပျိုးသွားရန်နှင့် လိုအပ်သည့် သွင်းအားစုများအား မိမိတို့အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း၊ တစ်နှစ်(၁)သီး စိုက်ပျိုးနေသည့် ဒေသများတွင် သက်ဆိုင်ရာ စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့များမှ ကွင်းဆင်း၍ ဒေသနှင့်ကိုက်ညီသည့် (၂)သီး (၃)သီး စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဒေသအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များမှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ထုတ်ကုန်တိုးမြှင့်နိုင်ရေး အလေးထားဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဆန်စက်ကြီးများရှိ စပါးခွံများအား သဘာဝမြေဩဇာအဖြစ် ပြန်လည် အသုံးပြု နိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများမှ အသိပညာပေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘတ်ဂျက်ကာလာအတွင်း တည်ဆောက် ရေးလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး မြို့နယ်အလိုက် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီများမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အောက်ခြေအဆင့်ထိ အုပ်ချုပ်မှုဆိုင်ရာ သတင်းကွန်ယှက် ခိုင်မာအားကောင်းရန် လိုအပ်ကြောင်းနှင့် လုံခြုံရေးအသိ လုံခြုံရေးသတိဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ တာဝန်ရှိသူများက တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာ ရုံးလုပ်ငန်းကြီးကြပ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME လုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေရရှိရေး၊ ရသင့်ရထိုက်သည့် အခွန်ငွေများ ကောက်ခံရရှိမှု၊ ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေရရှိရေးလုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်း များနှင့် ဌာနဆိုင်ရာရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။