Home / ပဲခူးမြို့နယ် / ပဲခူးမြို့တွင်း ရေလျှံမှုဖြစ်ပွားရာသို့ ဝန်ကြီးချုပ်ကွင်းဆင်းကြည့်ရှု

ပဲခူးမြို့တွင်း ရေလျှံမှုဖြစ်ပွားရာသို့ ဝန်ကြီးချုပ်ကွင်းဆင်းကြည့်ရှု

အောက်တိုဘာ ၂၂ (ပဲခူး)

====================

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၂၂)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က စည်ပင်သာယာရေးဦးစီးဌာန ညွှန်ကြားရေးမှုးနှင့် စည်ပင်ဝန်ထမ်းများ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်၊ ပဲခူးမြို့နယ်စည်ပင်သာယာကော်မတီဝင်ဦးမြင့်ဟန်တို့နှင့်အတူ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေမှုအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့ မြေပြင်ကွင်းဆင်းကြည့်ရှုရာ၌ ဝန်ကြီးချုပ်မှ မိုးရေချိန်များပြားခြင်း၊ မိုးရွာသွန်းချိန် ကြာရှည်ခြင်း နှင့် ရေမြောင်းများမှ ရေလျှံမှုကြောင့်ဖြစ်၍ လာမည့်ပွင့်လင်းရာတွင်သီ ရပ်ကွက်များ၊ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများအား ပြန်လည်အဆင့်ြမှင့်တင်ြခင်းကို အထူးအလေးပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။