Daily Archives: September 21, 2018

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသထွက်ကုန် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်

FI

စက်တင်ဘာ ၂၁ (ပဲခူး) =============           စက်တင်ဘာလ (၂၁)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသဖွက်ကုန် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး၀င်းသိန်းက အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်မည့် အငယ်စား၊ အသေးစားနှင့် အလတ်စား ဒေသထွက်ကုန် ပြပွဲ၊ ပြိုင်ပွဲသည် အမှန်တကယ် အသေးစား၊ အလတ်စား လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအတွက် အခွင့်အလမ်းကောင်းများ ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းပြပွဲ၊ ပြိုင်ပွဲသို့ အခြားပြည်နယ်/တိုင်းဒေသကြီးမှ လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များ၊ ဘဏ်များမှ လာရောက်လေ့လာမည်ဖြစ်သဖြင့် ချေးငွေရရှိနိုင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် နည်းပညာများ၊ ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိစေခြင်း၊ ပဲခူးတိုင်း ဒေသကြီး၏ ဒေသထွက်ကုန်များ စျေးကွက်နေရာတစ်ခု ရရှိနိုင်သည့် …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်သူများအတွက် နည်းပြသင်တန်းဖွင့်လှစ်

FI

စက်တင်ဘာ ၂၁ (ပဲခူး) ====================== ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် UNDP တို့ပူးပေါင်း၍ ပဲခူးမြို့၊ Famous Hotel ၌ စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်သူများအတွက် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းလို့မရသလို ကြိုတင်သိရှိခြင်းလည်းမရှိသည့်အတွက် အလွန်အန္တရာယ်ကြီးမားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုပမာဏလည်းအလွန်ကြီးမားနိုင်ကြောင်း၊ ငလျင်ဘေးအတွက် တုံ့ပြန်ဆောင်ရွက်ရခြင်းသည် အခြားဖြည်းဖြည်းချင်းဖြစ်ပွားသည့် ဘေးအန္တရာယ်များ ကျရောက်မှုများကို တုံ့ပြန်မှုနဲ့ကွာခြားကြောင်း၊ မြေငလျင်ကြောင့်ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည့် အကောင်းဆုံးနည်းလမ်းသည် ကြိုတင်ပြင်ဆင်ထားခြင်းနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း စသည့်အစီအမံများဖြစ်ကြောင်း၊ ငလျင်ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးများ လျော့နည်းစေရန်အတွက် ငလျင်မလှုပ်မီကြိုတင်ပြင်ဆင်ရန်၊ ငလျင်လှုပ်နေစဉ်နှင့် လှုပ်ပြီးဆောင်ရွက်ရမည့် အရာများအား စာသင်ကျောင်းများတွင် ကျောင်းသား/သူများအား အသိပညာပေးခြင်း ကျယ်ပြန့်စွာ ဆောင်ရွက်သွားကြရန်၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝဘေးလျော့ပါးရေး အစီအမံများ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ …

Read More »