Daily Archives: September 22, 2018

ရေတာရှည်မြို့နယ်၊ သိုင်းဝကျေးရွာတွင် အမြန်လမ်းပတ်လမ်း ဖောက်လုပ်ရန်၊ ဆွာမင်းလမ်းကျေးရွာရှိ ရေဘေးကြောင့် ပြိုလဲ/ပျက်စီးနေအိမ်များ အသစ်ဆောက်လုပ်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေး

FI

စက်တင်ဘာ ၂၂ (ရေတာရှည်) ==================== စက်တင်ဘာလ (၂၂)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေးရှိ သိုင်းဝကျေးရွာ၌ အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်နိုင်သည့် ပတ်လမ်းဖောက်လုပ်မည့် အခြေအနေအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက လမ်းဖောက်လုပ်ရန် ဆောင်ရွက်ရမည့် အခြေအနေများ အားရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာ၊ သုခကာရီ အာရုံခံဇရပ်၌ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ဝန်ကြီးချုပ်က ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲပဲ့ကျမှုကြောင့် ပြိုလဲ/ပျက်စီးခဲ့သည် နေအိမ်(၁၉)လုံးအတွက် အသစ်ပြန်လည် တည်ဆောက်ရန် လိုအပ်သည့်မြေဧရိယာ (၈)ဧကနှင့်ပတ်သက်၍ လူထုဆန္ဒနှင့်အညီ လယ်ယာမြေပိုင်ဆိုင်သူများနှင့် ညှိနှိုင်းပေးခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရှိန်ဝင်းက နေအိမ်ဆောက်လုပ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးရွာနေပြည်သူများအနေဖြင့် အခမဲ့ရရှိစေရန် လာရောက်လှူဒါန်း ဆောက်လုပ်ပေးခြင်းဖြစ်ကြောင်းနှင့် ကျေးရွာသူ/သားများမှ ဝိုင်းဝန်းကူညီ ကြရန် လိုအပ်ကြောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး …

Read More »

ရန်ကုန်-မန္တလေးအမြန်လမ်း (ဆွာချောင်းတံတား) ရေလယ်တိုင်နိမ့်ကျနေမှုနှင့် ဆွာချောင်း ရေလှောင်တမံ ပြင်ဆင်ဆောင်ရွက်နေမှုများအား ဒုတိယသမ္မတ(၂)နှင့် ဝန်ကြီးချုပ်တို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

FI

စက်တင်ဘာ ၂၂ (ရေတာရှည်) =========================           စက်တင်ဘာလ (၂၂)ရက်နေ့၊ နံနက်(၈:၃၀)အချိန်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့သည် ရန်ကုန်-မန္တလေးအမြန်လမ်း (ဆွာချောင်းတံတား) ရေလယ်တိုင်နိမ့်ကျနေမှုနှင့် ဆွာချောင်းရေလှောင်တမံ ပြင်ဆင်ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်မှ ဆွာချောင်းတံတား ရေလယ်တိုင်နိမ့်ကျမှုအပေါ် ပြန်လည်ပြင်ဆင်ဆောင်ရွက် သွားမည့် အခြေအနေအား ရှင်းလင်းတင်ပြခဲ့ရာ၊ ဒုတိယသမ္မတက တံတားပြန်လည်ပြုပြင် ရာတွင် ရေရှည်ခိုင်ခံမှုရှိစေရန်နှင့် လိုအပ်ပါက ပညာရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။           ဆက်လက်ပြီး ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆွာချောင်းရေလှောင်တမံ ပြုပြင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဆွာချောင်းရေလှောင်တမံ ရှင်းလင်းဆောင်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်မှ ယာယီကျောက်ဖြည့်တမံ တည်ဆောက်နေမှုအား ရှင်းလင်းတင်ပြရာ၊ ဒုတိယသမ္မတက ရေပိုလွှဲ အသစ်ပြန်လည်တည်ဆောက်မည့်နေရာအား …

Read More »