Daily Archives: September 26, 2018

ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစျေး ပြန်လည်တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှု့စစ်ဆေး

FI

စက်တင်ဘာ ၂၆ (ကျောက်ကြီး) ===================           စက်တင်ဘာလ (၂၆)ရက်နေ့၊ ညနေ(၄:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ရပ်ကွက်ရှိ နတ်သံကွင်းစျေး ပြန်လည်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ စျေးတည်ဆောက်ရေးရှင်းလင်းဆောင်၌ တာဝန်ယူဆောက်လုပ်လျက်ရှိသော AH MAY MYTTAR Co., Ltd ၊ တည်ဆောက်ရေးအင်ဂျင်နီယာမှ စျေးတည်ဆောက်နေမှု အခြေအနေအား ရှင်းလင်းတင်ပြရာ၊ ဝန်ကြီးချုပ်က စျေးတည်ဆောက်ရာတွင် မြို့ပြလူနေထိုင်မှု အခြေအနေ၊ တိုးတက်ပြောင်းလဲလာသည့် အခြေအနေများအပေါ် တွက်ချက်တည်ဆောက်ရန် လိုအပ်ကြောင်း၊ စျေးပတ်လမ်းအား အရေးပေါ်ယာဉ်များ ဝင်/ထွက်နိုင်ရန်၊ ယာဉ်ရပ်နားရန်၊ မီးသတ်ရေကန်၊ အမှိုက်ကန်၊ အများသုံအိမ်သာစသည့် အခြေခံလိုအပ်ချက်များ ပြည့်စုံရမည် ဖြစ်ကြောင်းနှင့် ကန်ထရိုက်တာများအနေဖြင့် တည်ဆောက်ရေးလုပ်ငန်း တစ်ခုချင်းစီတိုင်းကို စေတနာထားပြီး စံချိန်စံညွှန်းနှင့်အညီ တည်ဆောက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။           အဆိုပါ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ရပ်ကွက်ရှိ …

Read More »

ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် မူလတန်းကလေးငယ်များအား နို့နှင့်ကြက်ဥများတိုက်ကျွေး

FI

စက်တင်ဘာ ၂၆ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကြီးမှုးပြီး စက်တင်ဘာလ(၂၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပပြုလုပ်သော ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မူလတန်းကလေးငယ်များအား နို့နှင့်ကြက်ဥများ တိုက်ကျွေးပေးကြကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုး ဒေါက်တာဝင့်သူက ကမ္ဘာ့ကျောင်းများ နို့တိုက်ကျွေးရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဝန်ကြီးနှင့် တက်ရောက်လာကြသူများက မူလတန်းကလေးငယ်များအား နို့နှင့်ကြက်ဥများ တိုက်ကျွေးပေးကြသည်။ နွားနို့သည် မိခင်နို့ပြီးလျှင် အာဟာရဓာတ် အကြွယ်ဝဆုံးဖြစ်သည်၊ နွားနို့သည် အရိုးနှင့် သွားများကိုခိုင်မာစေပြီး အစာကြေညက်လွယ်စေသည့်အပြင် ခန္ဓာကိုယ်တည်ဆောက်မှုအတွက် လိုအပ်သည့် အာဟာရဓာတ်ကိုလည်း ပေးစွမ်းနိုင်သည်။ နွားနို့တွင် Lactose၊ Enzymes၊ အဆီများ၊ သတ္တု ဓာတ်များ၊ Vitamins၊ Proteinများပြည့်စုံစွာပါဝင်ပြီး ကလေးများသာမက လူကြီး၊ …

Read More »