Home / 2018 / October / 13

Daily Archives: October 13, 2018

ပဲခူးမြို့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၃ (ပဲခူး) ====================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်ကြီးတွင် အောက်တိုဘာလ (၁၃)ရက်နေ့ နံနက်(၉)နာရီအချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက သဘာဝဘေးလျော့ပါးရေးလုပ်ငန်းသည် တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဆောင်ရွက်လို့ရနိုင်အရာမဟုတ်၊ တိုင်းဒေသကြီးအတွင်းမြို့နယ်များမှ ရပ်ကွက်/ကျေးရွာ ပြည်သူများအဆင့်အထိ အစိုးရနှင့်အစိုးရမဟုတ်သောအဖွဲ့များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ ပြည်သူလူထုအားလုံး လက်တွဲဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာ၊ နည်းပညာ ဗဟုသုတများရရှိမှသာ သဘာဝဘေးအန္တရာယ်၏ စိန်ခေါ်မှုကို ပြည်သူလူထုအားလုံးရင်ဆိုင်တုန့်ပြန်နိုင်မှာဖြစ်ပြီး ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကိုလျော့ချနိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့် အနာဂတ်ကာလမှာ ဖြစ်ပွားလာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရန်အတွက် သဘာဝဘေးလျော့ပါးရေး၊ ကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး စသည့်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ထိရောက်စွာဆောင်ရွက်သွားကြရန်၊ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သဘာဝဘေးလျော့ပါးရေးအစီအမံများ ထည့်သွင်းစဉ်းစားဆောင်ရွက်သွားကြရန်၊ သက်ဆိုင်ရာဌာန၊ …

Read More »