Home / 2018 / October / 14

Daily Archives: October 14, 2018

သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးသွားသော ဧရိယာများအတွက် ဓာတ်မြေသြဇာများထောက်ပံ့ပေးအပ်

FI

အောက်တိုဘာ ၁၄ (မင်းလှ) ================================= ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ရွှေဝါမြိုင်စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု လေ့လာမှုစခန်းတွင် အောက်တိုဘာလ(၁၄)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၅-၁၆ခုနှစ် သာယာဝတီခရိုင်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးသွားသော ဧရိယာများအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက “ရေကြီးနစ်မြုပ်ပျက်စီးသွားသော လယ်ဧကများကို အချိန်မီပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်၊ မျိုးစပါးများရေနစ်မြှုပ်ခံရသဖြင့် ထိခိုက်သွားသည့်စပါးခင်းများကို ပြန်လည်ကောင်းမွန်လာစေရန် လိုအပ်သောသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာနှင့် ထောက်ပံ့ငွေများကို ရရှိအောင်စီမံဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ပံ့ပိုးပေးသည့်ဓာတ်မြေသြဇာများကိုလည်း အမှန်တကယ် ပျက်စီးဆုံးရှုံးခဲ့သည့် လယ်သမားများထံရောက်ရှိရေး၊ ပြန်လည်စိုက်ပျိုးရာတွင် ဒေသရေမြေရာသီနဲ့ သင့်လျော်မည့်သီးနှံများကို ရွေးချယ်ပြီးအစားထိုးစိုက်ပျိုးသွားကြရန်” အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးသွားသော ဧရိယာများအတွက် နိုင်ငံတော်မှဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှုး ညွှန်ကြားရေးမှုးဦးလှမြင့်က ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဝန်ကြီးဦးအောင်ဇော်နိုင်တို့က …

Read More »

ဆဌမအကြိမ်မြောက် MSMEs ဒေသတွင်းထွက်ကုန် ပြပွဲ/ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

FI

အောက်တိုဘာ ၁၄ (ပဲခူး) ============= ပဲခူးမြို့ မြို့တော်ခန်းမတွင် အောက်တိုဘာလ(၁၄)ရက်နေ့ နံနက်(၉)နာရီအချိန်က အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ၊ ပဲခူးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ(နေပြည်တော်)တို့ ပူးပေါင်းပြီးကျင်းပပြုလုပ်သည့်  ဆဌမအကြိမ်မြောက် MSMEs ဒေသတွင်းထွက်ကုန် ပြပွဲ/ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီအဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဒေါ်အေးအေးဝင်းက ဆုရွေးချယ်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်အသိအမှတ်ပြုဒေသဆိုင်ရာ SMEထုတ်ကုန် တတိယ၊ ဒုတိယ၊ ပထမဆုရရှိသောအငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ၊ ဆဌမအကြိမ်မြောက် MSMEsခုတ်ကုန်ဒေသတွင်း ပန်းချီပြပွဲ/ပြိုင်ပွဲ ပညာရှင်အဆင့်နှင့် ပညာသင်အဆင့် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှုးနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် …

Read More »