Home / 2018 / October / 20

Daily Archives: October 20, 2018

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် (၃)ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း အဲဒိုပေါ်မီပွဲတော်အခမ်းအနား တက်ရောက်

FI

အောက်တိုဘာ ၂၀ (တောင်ငူ) ================= ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ကြူဇောင်း၊ မအူတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲဝန်းအတွင်း၌ အောက်တိုဘာလ(၂၀)ရက်နေ့ နံက်(၉:၃၀)နာရီအချိန်က (၃)ကြိမ်မြောက် ကယားအမျိုးသားစုပေါင်း အဲဒိုပေါ်မီပွဲတော် အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆုတောင်းခြင်းနှင့် ကယားယဉ်ကျေးမှုအဖွဲ့များမှ ရိုးရာယဉ်ကျေးမှုအကများဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ကယားပြည်နယ် လွှတ်တော်အမတ်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်သိန်းက ယခုကျင်းပသည့် အဲဒိုပေါ်မီပွဲတော်သည် ကယားလူမျိုးများ၏ အလွန်အရေးပါသည့် ရိုးရာယဉ်ကျေးမှု ပွဲတော်တစ်ခုဖြစ်သလို ကယားလူမျိုးများ၏ စီးပွားရေး၊ လူမှုရေးတို့နှင့်လည်း ဆက်စပ်လျက်ရှိ ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်တိုင်းသည် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အလေးထားပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့လူမျိုး၊ မိမိတို့ရိုးရာ၊ မိမိတို့ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ကြသလို တိုင်းပြည်၏ အပြောင်းအလဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင် ဆောင်ရွက်ကြစေလိုကြောင်းနှင့် တက်ရောက်လာသည့် …

Read More »