Home / 2018 / October / 22

Daily Archives: October 22, 2018

ပဲခူးမြို့တွင်း ရေလျှံမှုဖြစ်ပွားရာသို့ ဝန်ကြီးချုပ်ကွင်းဆင်းကြည့်ရှု

FI

အောက်တိုဘာ ၂၂ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ(၂၂)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်က စည်ပင်သာယာရေးဦးစီးဌာန ညွှန်ကြားရေးမှုးနှင့် စည်ပင်ဝန်ထမ်းများ၊ ပဲခူးခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်၊ ပဲခူးမြို့နယ်စည်ပင်သာယာကော်မတီဝင်ဦးမြင့်ဟန်တို့နှင့်အတူ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေမှုအား လိုက်လံကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။ ထိုသို့ မြေပြင်ကွင်းဆင်းကြည့်ရှုရာ၌ ဝန်ကြီးချုပ်မှ မိုးရေချိန်များပြားခြင်း၊ မိုးရွာသွန်းချိန် ကြာရှည်ခြင်း နှင့် ရေမြောင်းများမှ ရေလျှံမှုကြောင့်ဖြစ်၍ လာမည့်ပွင့်လင်းရာတွင်သီ ရပ်ကွက်များ၊ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများအား ပြန်လည်အဆင့်ြမှင့်တင်ြခင်းကို အထူးအလေးပေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

Read More »

ပဲခူးတိုင်းဒေသကြီး(MIC)ရုံးတွင် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများ ထုတ်ပြန်ချက်

Slide1

ပဲခူးတိုင်းဒေသကြီး(MIC)ရုံးတွင် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆောင်ရွက်ရမည့် နည်းလမ်းများ အပြည့်အစုံကြည့်ရှုရန်————————–

Read More »

ပဲခူးနှင့်တောင်ငူခရိုင်အတွင်း သဘာဝဘေးကြောင့်သီးနှံပျက်စီးသွားသောဧကများအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်

FI

အောက်တိုဘာ ၂၂ (ပဲခူး) ================ အောက်တိုဘာလ(၂၁)ရက်နေ့ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန အစည်းမဝေးခန်းမတွင် ၂၀၁၅-၁၆ခုနှစ် ပဲခူးခရိုင်နှင့်တောင်ငူခရိုင်အတွင်း သဘာဝဘေးကြောင့် သီနှံပျက်စီးသွားသော ဧရိယာများအတွက် ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက အမှာစကားပြောကြားပြီး စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးသွားသော ဧရိယာများအတွက် နိုင်ငံတော်မှ ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်မှုအခြေအနေများကို ရှင်းလင်းပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှုး ညွှန်ကြားရေးမှုးဦးလှမြင့်က ထောက်ပံ့ပေးအပ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးခရိုင်အတွင်းသီးနှံပျက်စီးသွားသည့် ပဲခူး၊ ဝေါ၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ရွှေကျင် မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှုးများနှင့်တောင်သူများထံသို့လည်းကောင်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က တောင်ငူခရိုင်အတွင်းသီးနှံပျက်စီးသွားသည့် တောင်ငူ၊ ရေတာရှည်၊ ဖြူး၊ ထန်းတပင် မြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှုးများနှင့် တောင်သူများထံသို့လည်းကောင်း ဓာတ်မြေသြဇာအိတ်များ လွှဲပြောင်းပေးအပ်ခဲ့ကြကာ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ သဘာဝဘေးအန္တရာယ်ကြောင့် …

Read More »

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ

Cover(1)

၂၀၁၈-၂၀၁၈ ဘဏ္ဍနှစ် ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ   အပြည့်အစုံဖတ်ရှုရန်—————————-

Read More »