Home / 2018 / October / 23

Daily Archives: October 23, 2018

သဘာဝလေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်/ပြိုလဲနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

FI

အောက်တိုဘာ ၂၃ (ကဝ) ================== အောက်တိုဘာလ(၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလမြို့၊ မြို့အုပ်ချုပ်ရေးမှုးရုံး၌ သနပ်ပင်မြို့နယ်နှင့် ကဝမြို့နယ်တို့တွင် သဘာဝလေပြင်းတိုက်ခိုက်မှုကြောင့် အမိုးလန်/ပြိုလဲနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက သနပ်ပင်နှင့်ကဝမြို့နယ်တို့သည် ရေဘေး၊ လေဘေးစသည့်သဘာဝဘေးအန္တရာယ်များနှစ်စဉ်ကြုံတွေ့ရသည့် ဒေသများဖြစ်ကြောင်း မိမိတို့ဌာနအနေဖြင့် သဘာဝဘေးဒဏ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သဘာဝဘေးဒဏ်ခံစားရသောပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန် လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသော လူ့အသိုင်းအဝန်းတစ်ရပ်ပေါ်ထွက်လာစေရန် အထူးကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်သူများမှလည်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း တက်ရောက်လာသည့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများအနေဖြင့်လည်း ယခုထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို ပြည်သူများလက်ဝယ်သို့ ရောက်ရှိစေရန်အလေးထားမှာကြားလိုကြောင်း ပြည်သူများအနေဖြင့်လည်း ထောက်ပံ့ငွေများအား မိမိတို့နေအိမ်အားပိုမိုကြံ့ခိုင်အောင် ပြန်လည်တည်ဆောက်ရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဝင်းသိန်းက ပြည်သူများနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှုးများသည် အခြေခံကျသည့်အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ပျက်စီးဆုံးရှုံးမှုစာရင်းဇယားများတိကျ မှန်ကန်နေရန်လိုအပ်ကြောင်း၊ သဘာဝဘေးသည်ကြိုတင်မှန်းဆ၍မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်း ထိရောက်သောတုန့်ပြန်ကူညီဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် ပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံမှုအနည်းဆုံးဖြစ်စေရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သဘာဝဘေးဒဏ်ခံစားရသောဒေသများတွင် နေအိမ်လမ်းတံတား …

Read More »