Home / 2018 / October / 29

Daily Archives: October 29, 2018

ဟံသာဝတီလေဆိပ် တည်ဆောက်ရေးနှင့်ပတ်သက်၍ ဖွဲ့စည်းထားပြီးဖြစ်သည့် ကော်မတီအလိုက် မြန်မြန်ဆန်ဆန် လုပ်ဆောင်ရန် ဝန်ကြီးချုပ်ညွှန်ကြား

FI

အောက်တိုဘာ ၂၉ (ပဲခူး) =================== အောက်တိုဘာလ (၂၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းထားသည့် ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်း သည် နိုင်ငံတော်အဆင့်စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရန် တိုင်းဒေသကြီး၌ ကော်မတီ(၃)ရပ် ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ ယခု ပွင့်လင်းရာသီ၌ လေဆိပ်ကျူးကျော်များ လျော်ကြေးပေးခြင်း၊ လေယာဉ်ကွင်းပတ်လမ်း ပေ(၁၀၀)အကျယ် ဖောက်လုပ်ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်ရှိကြောင်း၊ ဒါကြောင့် ဖွဲ့စည်းထားပြီးဖြစ်သည့် ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ဥပဒေနှင့် အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က ကျူးကျော်စာရင်း ကောက်ယူခြင်း၊ ကျူးကျော်စိုက်ပျိုးထားခြင်းနှင့် လျော်ကြေးပေးလျော်ရမည့် စာရင်းများအား လျော်ကြေးငွေပေးလျော်ရေးကော်မတီသို့ …

Read More »

ဒေသခံတောင်သူလယ်သမားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ရှေးရှုလုပ်ဆောင်ရန် ဝန်ကြီးချုပ် ဦးဝင်းသိန်းမှာကြား

FI

အောက်တိုဘာ ၂၉(ပဲခူး) =============================== အောက်တိုဘာလ (၂၉)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင်များနှင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Rainbow Jam Trading Co., Ltd မှ ဒေါ်မြတ်သန္တာဦးက မိမိတို့ကုမ္ပဏီသည် ဂျပန်နိုင်ငံမှ စိုက်ပျိုးရေးပညာရှင် Mr. Kazutake Tanaka တို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီဖြစ်ကြောင်း၊ လက်ရှိအနေဖြင့် နေပြည်တော်၊ တိုက်ကြီး(ဥတို) နှင့် ရှမ်းပြည်နယ်တို့တွင် ဂျပန်စပါးမျိုးနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း Pilot Project အနေဖြင့် ဧက(၁၀၀) စတင်စိုက်ပျိုးလိုပါ ကြောင်း၊ စပါးကြိတ်ရာမှ ထွက်ရှိလာသည့် စပါးခွံအား ဂျပန်နည်းပညာဖြင့် သဘာဝမြေသြဇာ ပြုလုပ်၍ အသုံးပြုသွားမည်ဖြစ်၍ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး မရှိနိုင်ပါကြောင်း၊ …

Read More »