Home / 2019 / February / 15

Daily Archives: February 15, 2019

ခွေးရူးပြန်ကာကွယ်ဆေးဝယ်ယူရန် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအဖွဲ့တို့မှ အလှူငွေလှူဒါန်း

FI

ဖေဖော်ဝါရီ ၁၅ (ပဲခူး) ===================== ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံက်(၁၁)နာရီအချိန်ခန့်က ပဲခူးမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် လိုအပ်လျှက်ရှိသော ခွေးရူးပြန်ကာကွယ်ဆေးဝယ်ရန်အတွက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးအဖွဲ့တို့မှ အလှူငွေ လှူဒါန်းမှုပြုလုပ်ကြသည်။ ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့ ဥက္ကဌ ဒေါ်စန်းစန်းမိုးနှင့် အဖွဲ့ဝင်များက ခွေးရူးပြန်ရောဂါကာကွယ်ဆေးဝယ်ရန်အတွက် အလှူငွေကျပ် (၁)သိန်းအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မိုးသူဇာကျော်နှင့် အဖွဲ့ဝင်များက အလှူငွေကျပ်(၁)သိန်းအားလည်းကောင်း ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်ထံ ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံစားဖိုမှုးများအသင်းတို့၏ ဦးဆောင်မှုဖြင့် ဂျာမာန်+မြန်မာကုသရေးအဖွဲ့နှင့် ပဲခူးမြို့ မြို့မိမြို့ဖများပူးပေါင်းပြီး အခမဲ့ ခွဲစိတ်မှုပြုလုပ်ပေးခဲ့သော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့် အခြားခွဲစိတ်လူနာများထံ သွားရောက်ကြည့်ရှု့ အားပေးစကားပြောကြားကာ အလှူငွေများလှူ ဒါန်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ ထို့အတူ ပဲခူးတိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်ရေးကြီးကြပ်မှုအဖွဲ့နှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့မှ …

Read More »

တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့စုံစည်အဝေးအဝေး(၁/၂၀၁၉)သို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဖေဖော်ဝါရီ ၁၅ (နေပြည်တော်) ======================= ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က နေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယသမ္မတ(၂)၊ ဦးဟန်နရီဗန်ထီးယူ ဦးဆောင်ကျင်းပပြုလုပ်သော တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့စုံစည်အဝေးအဝေး(၁/၂၀၁၉)သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေးတွင် စိုက်ပျိုးရေးကဏ္ဍ၌ ခရိုင်အလိုက် သီးနှံများအတွက် ဓါတ်ခွဲခန်းများ တည်ဆောက်ရန်၊ Micro Lab တိုးချဲ့ရန်၊ သီးနှံအခြောက်ခံစက်၊ ဒေသအလိုက် တောင်သူများစုဖွဲ့ပြီး သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်သူများ အသင်းဖွဲ့စည်း၍ Marketing Moderating Meeting များကျင်းပ၍ စုပေါင်းစျေးကွက် ဖော်ဆောင်ပေးရန်၊ သီးနှံအရည်အသွေးများကောင်း၍ Food Safety ဖြစ်ရန်အတွက် GAP organic စနစ်ဖြင့် စိုက်ပျိုးစေရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လယ်ယာမြေကဏ္ဍတွင် သိမ်းဆည်းခံလယ်ယာမြေများ မူလပိုင်ရှင်လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ပြီးစီးခဲ့မှု အခြေအနေကိုလည်းကောင်း၊ ဆည်မြောင်းနှင့် …

Read More »

ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်း၌ Bago Gallery ဓာတ်ပုံပြပွဲကျင်းပ

FI

ဖေဖော်ဝါရီ ၁၅ (ပဲခူး) =================== ဖေဖော်ဝါရီလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ နန်းတော်ရာရပ်ကွက်ရှိ ကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်၌ ဓာတ်ပုံများကပြောသောပဲခူး Bago Gallery ဓာတ်ပုံပြပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ဓာတ်ပုံပညာရှင်များအားနှင့် OMNITECH Co.,Ltdတို့အား လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်နှင့် ဝန်ကြီးများကဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။ ထို့နောက် ဓာတ်ပုံများကပြောသောပဲခူး Bago Gallery ဓာတ်ပုံပြပွဲအား ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ လူမှုရေးဝန်ကြီးဒေါ်ညွန့်ညွန့်ဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးညွန့်ရွှေနှင့် အစိုးရအဖွဲ့အတွင်းရေးမှူ းဦးတိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူအားလုံးက ပြသထားသောဓာတ်ပုံများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။ အဆိုပါဓာတ်ပုံပြပွဲအား ပဲခူးတိုင်းဒေသကြီးအတွင်းတွင်ဖြစ်တေည်နေသော မြေပေါ်မြေအောက်ယဉ်ကျေးမှုအမွေအနှစ်များကို တစ်စုတစ်ဝေးတည်သိရှိနိုင်ရန်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်မြတိနိုးတန်ဖိုးထားတတ်စေရန်၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ချစ်ခင်တန်ဖိုးထားကာကွယ် ထိန်းသိမ်းတတ်စေရန်နှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပဲခူးဌာနခွဲ)၊ ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဓာတ်ပုံပညာရှင်များ၊ ဒီဇိုင်နာမျိုးဆွေသန်း အဖွဲ့တို့ပူးပေါင်းပါဝင်ပံ့ပိုးမှုဖြင့် ဖေဖော်ဝါရီလ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး …

Read More »

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၁/၂၀၁၉)အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

ဖေဖော်ဝါရီ ၁၅ (နေပြည်တော်) ========================== ဖေဖော်ဝါရီလ (၁၅)ရက်နေ့၊ နံနက်(၈)နာရီအချိန်က နေပြည်တော်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယသမ္မတ(၂)၊ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ကျင်းပသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(၁/၂၀၁၉)အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ် ဆိုင်ရာကိစ္စရပ်များ၊ ကြိုတင်ပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက်များ၊ လက်တလောဖြစ်ပေါ်နေသည့် တောင်နဝင်းဆည်တမံနှင့်ပတ်သက်၍ မြေပြင်စမ်းသပ်ဆောင်ရွက်နေမှုများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲကျိုးပေါက်မှုကြောင့် ပြောင်းရွေ့ပေးမည့် ရေတာရှည်မြို့နယ်၊ ကျွန်းတောစုစံပြကျေးရွာသစ် တည်ဆောက်ပေးနေမှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့သည့် နေရာများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေတင်ပြတောင်းခံလျက်ရှိသည့် အခြေအနေများအား တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်များ၊ သဘာဝဘေးကော်မတီဝင်များ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »