Home / 2019 / February / 19

Daily Archives: February 19, 2019

(၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပရန်အတွက် အလှူငွေလှူဒါန်း

FI

ဖေဖော်ဝါရီ ၁၉ (ပဲခူး) =================== ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ မွန်းလွဲ(၃:၄၅)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ရုံးခန်း၌ ပဲခူးမြို့တွင် ကျင်းပပြုလုပ်မည့် မွန်အမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်ဆေးတို့မှ အလှူငွေကျပ် သိန်း(၁၀၀)နှင့် လှူဒါန်းမှုမှတ်တမ်းတို့အား ပေးအပ်လှူဒါန်းရာ၊ (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသိန်းက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။ အဆိုပါ (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားအား ပဲခူးမြို့ ရွှေမော်ဓော အနောက်ဖက်မုခ် ယာဉ်ရပ်နားဝန်းတွင် ဖေဖော်ဝါရီလ(၁၉) ရက်နေ့မှ (၂၁) ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »