Home / 2019 / February / 20

Daily Archives: February 20, 2019

အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

FI

ဖေဖော်ဝါရီ ၂၀ (ပဲခူး) =================== ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်တွင် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ ပဲခူးတိုင်းဒေသကြီးကိုယ်စားလှယ်၊ တော်ဝင်ကေတုမတီယဉ်ကျေးမှုပြတိုက်၊ ပြတိုက်မှူး ဒေါက်တာမာမာဝေက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမြတ်အောင်က သင်တန်းတွင်ပို့ချမည့် သင်ခန်းစာဆိုင်ရာများအားလည်းကောင်း ရှင်းလင်းပြောကြားကြသည်။ အဆိုပါသင်တန်းအား မြန်မာနိုင်ငံရှိ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ဒေသအဆင့်၊ နိုင်ငံတော်အဆင့်သာမက ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများမှ တစ်တက်တစ်အား ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ မိမိတို့ဒေသအလိုက်တည်ရှိနေသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို သိရှိနားလည်သဘောပေါက်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ စာရင်းပြုစုနိုင်ရန်အတွက်ရည်ရွယ်၍ ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၁)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ(၂၈)ဦး၊ တောင်ငူပညာရေးကောလိပ်မှ(၂)ဦး၊ ပဲခူးမြို့နယ် အခြေခံပညာဦးစီးဌာနမှ(၉)ဦး၊ မွန်၊ ရခိုင်၊ …

Read More »

ပဲခူးမြို့တွင် (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

FI

ဖေဖော်ဝါရီ ၂၀ (ပဲခူး) =================== ပဲခူးမြို့၊ ရွှေမော်ဓောဘုရားအနောက်ဖက်မုခ် ယာဉ်ရပ်နားကွင်း၌ ဖေဖော်ဝါရီလ(၂၀)ရက်နေ့ နံနက်(၆)နာရီအချိန်က (၇၂)ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို)အခမ်းအနားအား သဘာပတိဆရာတော် ဘဒ္ဒန္တသီလဝန္တ၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမင်းကြည်ဝင်းနှင့် (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားဖြစ်မြောက်ရေး ဥက္ကဌ နိုင်စိုးသိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မွန်အမျိုးသားအလံတော်အား တိုင်ထိပ်သို့လွှင့်တင်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံ၊ မွန်အမျိုးသားအလံနှင့် မွန်အမျိုးသားအာဇာနည်ခေါင်းဆောင်များအား အခမ်းအနား တက်ရောက်လာသူအားလုံးက အလေးပြုကြသည်။ ထို့နောက် သဘာပတိအဖွဲ့ဝင်များ စင်မြင့်ထက်၌နေရာယူပြီး သဘာပတိဆရာတော် ဘဒ္ဒန္တသီလဝန္တကသြဝါဒဂါထာမြွက်ကြားကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ ပေးပို့သည့်သဝဏ်လွှာကို ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်မှ ဖတ်ကြားသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက (၇၂)ကြိမ်မြောက် မွန်အမျိုးသားနေ့ တစ်နိုင်ငံလုံး၏(ဗဟို)အခမ်းအနားကြီးကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့မှာ …

Read More »