Home / 2019 / February / 22

Daily Archives: February 22, 2019

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားကျင်းပ

FI

ဖေဖော်ဝါရီ ၂၂ (ပဲခူး) ================= ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာမြို့သစ် ဆည်မြောင်းလမ်းနှင့် သစ်တောရိပ်သာလမ်းထောင့်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးနိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းမြင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနော်ပွယ်စေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ်ဦးသန်းနိုင်အောင်တို့က ညွှန်ကြားရေးမှူးရုံး နှစ်ထပ်အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးဆိုင်းဘုတ်အားအမွှေးနံ့သာရည်များပက်ဖြန်းပေးကာ ရုံးအတွင်းလှည့်လည်ကြည့်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ်ဦးသန်းနိုင်အောင်ကပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူ းရုံး ဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ရုံးဖွင့်ပွဲအထိမ်းအမှတ် ဂါရဝပြုလက်ဆောင်များပေးအပ်ကြသည်။ ယင်းနောက် ကယားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဖားစည်သံသီချင်းသီဆို၍ကယားရိုးရာအကဖြင့်လည်းကောင်း၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ မိုးသောက်ကြယ်ဒုံးအဖွဲ့က ရိုးရာနှစ်သစ်ကူးသီချင်းသီဆို၍ ကရင်ရိုးရာဒုံးယိမ်းအကဖြင့်လည်းကောင်း၊ အရှိုချင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ချင်းရိုးရာယိမ်းအကဖြင့်လည်းကောင်း၊ မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တပင်တိုင်ယိမ်းအကဖြင့်လည်းကောင်း၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ရှမ်းပျိုဖြူ မောင်မယ်များ၏ မီးပုံပွဲအကဖြင့်လည်းကောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တို့တိုင်းရင်းသားအကဖြင့်လည်းကောင်း အသီးသီးဖျော်ဖြေတင်ဆက်ကြသည်။ …

Read More »