Home / 2019 / February / 23

Daily Archives: February 23, 2019

ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ နေရပ်ပြန်လိုသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် သက်ဆိုင်ရာမြို့နယ်များသို့လွှဲပြောင်းပေးအပ်ခြင်း ကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၃ (ပဲခူး) =================== ဖေဖော်ဝါရီလ(၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အောက်ထပ်အစည်းအဝေးခန်းမတွင် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ နေရပ်ပြန်လိုသူမြန်မာနိုင်ငံသားများအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် သက်ဆိုင်ရာမြို့နယ်များသို့လွှဲပြောင်း ပေးအပ်ပွဲကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူ းကြီးလှမျိုးရွှေနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က အမှာစကားပြောကြားကြပြီး ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ ပြန်လည်ရောက်ရှိလာသူများကိုယ်စား အိမ်ထောင်ဦးစီးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ ပဲခူးတိုင်းဒေသကြီး ဝေါ၊ တောင်ငူ၊ ထန်းတပင်မြို့နယ်များမှ နေရပ်ပြန်လာသူ(၃၂)ဦးအား ဝန်ကြီးဗိုလ်မှူ းကြီးလှမျိုးရွှေနှင့် ဒေါ်နော်ပွယ်စေးတို့က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသော လူတစ်ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် (၃၂)ဦးအတွက်(၃၂)သိန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးသော မိသားစု(၁)စုချင်းစီအတွက် Family Kit(၁)ပုံးနှင့် Kitchen Kit(၁)ပုံးစီတို့ကို ထောက်ပံ့ပေးအပ်ကြသည်။ ထိုင်းနိုင်ငံဒုက္ခသည်စခန်းများမှ ပဲခူးတိုင်းဒေသကြီးအတွင်း နေရပ်ပြန်လာသူများမှာ တောင်ငူမြို့နယ်မှ(၁၀)ဦး၊ ထန်းတပင်မြို့နယ်မှ(၁၅)ဦး၊ ဝေါမြို့နယ်မှ(၇)ဦး စုစုပေါင်း(၃၂)ဦးဖြစ်ပြီး အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မရှိသူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ …

Read More »