Home / 2019 / February / 25

Daily Archives: February 25, 2019

ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်း မိတ်ဆက်ပွဲကျင်းပပြုလုပ်

FI

ဖေဖော်ဝါရီ ၂၅ (ပဲခူး) ==================== ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ်တွင် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၁၁)နာရီအချိန်က COMMODITY EXCHANGE ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းမိတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး Youth Force (လူငယ့်အားမာန် )မှ ဦးတင်ထွန်းအောင်က ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းမိတ်ဆက်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းနှင့်ပတ်သက်၍ ဗွီဒီယိုပြသပြီး အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ကုန်ပစ္စည်းလဲလှယ်ရောင်းဝယ်ရေး အိတ်ချိန်းစင်တာလုပ်ငန်းအား နိုင်ငံသားများပိုင်စီးပွားရေးလုပ်ငန်းဖြစ်သော YOUTH FORCE GROUPIES OF COMPANYမှကမကထပြုပြီး ဟောင်ကောင်အခြေစိုက်စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ASEAN ECONOMIC DEVELOPMENT& TRADE(H.K)နှင့် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ Youth Force …

Read More »

တိုင်းဒေသကြီး/မြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့

law

ဖေဖော်ဝါရီလ ၂၅ (ပဲခူး) ==================== ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖွဲ့စည်းထားပြီးဖြစ်သည့် တိုင်းဒေသကြီး/ မြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့၏ ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်တို့အား သိရှိနိုင်ပါရန် ဖော်ပြအပ်ပါသည်။ အပြည့်အစုံဖတ်ရှုရန်————————-  

Read More »

ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉)ဖွင့်လှစ်

FI

ဖေဖော်ဝါရီ ၂၅ (ပဲခူး) =–================== ပဲခူးမြို့နယ် ဘုရာကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်းတွင် ဖေဖော်ဝါရီလ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က စက်မှုဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉)ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးမိုးကျော်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းအား ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်ပတ်သက်၍ နေအိမ်၊ အဆောက်အဦများတွင် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းနိုင်မည့် မျိုးဆက်သစ် လျှပ်စစ်လုပ်သားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်၍ ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ ဖွင့်လှစ်ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်မှ သင်တန်းသား(၆၀)ဦး တက်ရောက်ကြောင်း သိရသည်။ ကျေးလက်ဒေသ အခြေခံလျှပ်စစ်ကျွမ်းကျင်မှု ရွေ့လျားသင်တန်း အမှတ်စဉ်(၃/၂၀၁၉)တွင် စက်မှုဝန်ကြီးဌာနမှ လျှပ်စစ်စစ်ဆေးရေးလုပ်ငန်းတွင် အတွေ့အကြုံရှိပြီးသော လျှပ်စစ်ကျွမ်းကျင်သူများက အထောက်အကူပြုပစ္စည်းများသုံးပြီး စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »