Home / 2019 / February / 26

Daily Archives: February 26, 2019

ပဲခူးတိုင်းဒေသကြီးတွင်ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

FI

ပဲခူး ဖေဖော်ဝါရီ ၂၆ ================== ဖေဖော်ဝါရီလ(၂၆)ရက်နေ့၊ နံနက်(၁၀)နာရီက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ပဲခူးတက္ကသိုလ်တွင်ကျင်းပပြုလုပ်မည့် ကလေးစာပေပွဲတော် အောင်းမြင်စွာကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးက “ကလေးများစာအုပ်စာပေ၌ နှစ်သက်ပျော်မွေ့စေရန်နှင့် ပွဲတော်တက်ရောက်လာသောကလေးများ စုပေါင်းဆောင်ရွက်မှုဖြင့် ပျော်ရွှင်စေရန် ရည်ရွယ်ချက်များဖြင့် ကလေးစာပေပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေး ဆပ်ကော်မတီ အလိုက် လုပ်ငန်း Plan များကိုတင်ပြရန်၊လိုအပ်သည့်လုပ်ငန်းများအလိုက်ချပြဆွေးနွေးကြပါရန် ” အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်က “ကလေးစာပေပွဲတော်ကို ပြိုင်ပွဲများကျင်းပခြင်း၊ဖျော်ဖြေရေးအစီအစဉ်များနှင့် ပြခန်းများဟူ၍ ၃ ရပ်ခွဲခြားထားပြီး ပထမအချက်အနေဖြင့် ဖျော်ဖြေရေးကဏ္ဏတွင် တစ်ရက်နှင့်တစ်ရက်မထပ်အောင် ၃ရက် တစ်နေကုန် ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲတွေကတော့ ပန်းချီ၊ ဆေးရောင်ခြယ်၊ ကဗျာရွတ်နှင့်ကျပန်းစကားပြော ပြိုင်ပွဲများပါဝင်မှာဖြစ်ပြီး ပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များသတ်မှတ်ပေးပါရန်နှင့် ပြိုင်ပွဲဝင်အင်အား စာရင်းထုတ်ပေးနိုင်ပါရန် …

Read More »

တောင်နဝင်းတမံ ပြုပြင်ခြင်းအား ၂၀၁၉ ခုနှစ်၊ မတ်လအကုန်အပြီး ဆောင်ရွက်မည်ဖြစ်

FI

ဖေဖော်ဝါရီ ၂၆ (ပေါက်ခေါင်း) ———————– ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်နဝင်းရေလှောင်တမံ၊ တမံထိပ်မျက်နှာပြင်အက်ကြောင်းဖြစ်ပေါ်မှုအား ပညာရှင်များ၏ ညွှန်ကြားချက်များအတိုင်း ရေလှောင်တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို မိုးရာသီမတိုင်မီအောင် (၂၃.၂.၂၀၁၉)ရက်နေ့မှစ၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုများအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်သည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် ၊အင်ဂျင်နီယာချုပ်(စက်မှု) ဦးထွန်းကျော်စိုး ၊ ရုံးချုပ်ဌာနခွဲများဖြစ်သော ဒီဇိုင်းနှင့်ပုံထုတ်၊ ဘူမိဗေဒ၊ ဇလဗေဒ၊ စူးစမ်းလေ့လာရေး၊ တည်ဆောက်ရေး၊ထိန်းသိမ်းရေး၊ စက်မှုဌာနခွဲတို့မှ ညွှန်ကြားရေးမှူးများ၊ ဂျပန်အတိုင်ပင်ခံ ပညာရှင်များ၊ ပြင်ပပညာရှင်များနှင့်အတူ အနီးကပ် ကြီးကြပ်စီမံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ လုပ်ငန်းများအား ၂၀၁၉ ခုနှစ်၊ မတ်လအကုန်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

Read More »

လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဖေဖော်ဝါရီ ၂၆ (နေပြည်တော်) ======================= ဖေဖော်ဝါရီလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က နေပြည်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယသမ္မတ(၂)၊ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်ကျင်းပသော လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ယခင်သိမ်းဆည်းမြေများအား မူလပိုင်ရှင်များသို့ ပြန်လည်အပ်နှံ၍ ပုံစံ(၃)ထုတ်ပေးထားနိုင်မှုအခြေအနေနှင့် သိမ်းဆည်းမြေများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားမည် အစီအမံများအား တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးသို့ ဗဟိုမြေ/စစ် ကော်မတီဝင်များ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးသို့ ဝန်ကြီးချုပ် တက်ရောက်

FI

ဖေဖော်ဝါရီ ၂၆ (နေပြည်တော်) ======================== ဖေဖော်ဝါရီ(၂၆)ရက်နေ့ နံနက်(၈)နာရီအချိန်က  နေပြည်တော် ဒက္ခိဏသီရိမြို့နယ် Hotel Maxတွင်ဒုတိယသမ္မတ(၂)၊ ဦးဟန်နရီဗန်ထီးယူ ဦးဆောင်ကျင်းပပြုလုပ်သည့် အမျိုးသားခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးကော်မတီ(၁/၂၀၁၉)အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် အလားအလာရှိသည့် သမိုးဝင်နေရာများ၊ ထပ်မံဖော်ထုတ်လျက်ရှိသည့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ၊ ဒုတိယကမ္ဘာစစ်၌ အသုံးပြုခဲ့သည့် စစ်စခန်းများ၊ ဘန်ကာများ စသည့်တို့အား ခရီးသွားလုပ်ငန်းတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေး တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ ဒုတိယသမ္မတ(၂)၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးလျက်ရှိကြောင်း သတင်းရရှိသည်။

Read More »