Home / 2019 / March / 23

Daily Archives: March 23, 2019

ဒေသခံကရင်တိုင်းရင်းသားများ၏ အခက်အခဲပြဿ နာများ ဖြေရှင်းပေးနိုင်ရန် လူထုတွေ့ဆုံပွဲကျင်းပပြုလုပ်

FI

မတ် ၂၃ (ကျောက်ကြီး) ============== ကျောက်ကြီးမြို့နယ် ခဲဒိုးကျေးရွာအုပ်စု မူသဲကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် မတ်လ(၂၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က ဒေသဖွံ့ဖြိုးရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံကရင်တိုင်းရင်းသားများတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်နယ်၊ ပြည်မ၊ တောင်တန်းဒေသမခွဲခြားဘဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အေးချမ်းစွာအတူတကွအခက်အခဲမရှိလက်တွဲဆောင်ရွက်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားများနှင့်ပတ်သက်သောပြဿ နာများ၊ ဌာနဆိုင်ရာများနှင့်ပတ်သက်သောပြဿ နာများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သောပြဿ နာများကို မြန်မြန်ဆန်ဆန်ပေါင်းစပ်ညှိနှိုင်းဖြေရှင်းနိုင်ရေးအတွက် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း မိမိတို့ဒေသအတွက်ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်သူများ၏တွေ့ကြုံနေရသည့်အခက်အခဲပြဿ နာများကို ပွင့်လင်းစွာတင်ပြပေးရန် အမှာစကားပြောကြားသည်။ ထို့နောက် CIDKP ညွှန်ကြားရေးမှူး စောဘယ်ထူးနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူ းကြီးလှမျိုးရွှေတို့က အမှာစကားပြောကြားပြီး တက်ရောက်လာကြသော မူသဲကျေးရွာမှ ဒေသခံကရင်တိုင်းသားများက အထူးစစ်ဆင်ရေးလမ်း(သို့) ဖွံဖြိုးရေးလမ်းဖေါက်လုပ်ခြင်းကိစ္စ၊ မူသဲအလယ်တန်းကျောင်းတွင် လိုအပ်နေသည့်ဆရာ/မများဖြည့်ဆည်းပေးရေးကိစ္စ၊ ကျောင်းဆောင်အဆောက်အဦ လိုအပ်နေသည့်ကိစ္စများကိုတင်ပြရာ ဝန်ကြီးချုပ်ကသက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်က …

Read More »