Home / 2019 / March / 26

Daily Archives: March 26, 2019

ကျေးလက်ဒေသအသက်မွေးဝမ်းကျောင်း ဖွံဖြိုးမှုဆိုင်ရာစီမံကိန်း ကနဦးမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

FI

မတ် ၂၆ (ပဲခူး) ================= ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မတ်လ(၂၆)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ၂၀၁၈-၁၉ဘဏ္ဍာရေးနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ဒေသအသက်မွေးဝမ်းကျောင်း ဖွံဖြိုးမှုဆိုင်ရာစီမံကိန်း ကနဦးမိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာရေးအတွက် ကဏ္ဍစုံ၊ ဌာနစုံပါဝင်လုပ်ကိုင်ကြရမှာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတစ်ပြေးညီဖွံဖြိုးဖို့အရေးသည် မြို့ပြဒေသများဖွံ့ဖြိုးနေရုံနှင့် မလုံလောက်ဘဲ နိုင်ငံ၏လူဦးရေ(၇၀%)ကျော်နေထိုင်သည့် ကျေးလက်ဒေသများပါ အချိုးညီဖွံ့ဖြိုးလာရန် အရေးတကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ ကျေးလက်ဒေသနေပြည်သူများရဲ့ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာအောင် နိုင်ငံတော်ကဦးတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း၊ ကျေးလက်ဒေသနေထိုင်သည့် ပြည်သူများ၏စွမ်းရည်ပိုမိုတိုးတက်မြင့်မားလာရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ပြောင်းလဲလုပ်ဆောင်စေရန်၊ ဈေးကွက်တန်းဝင်သီးနှံအမယ်များစိုက်ပျိုးစေခြင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာ အလေ့အကျင့်ကောင်းများကျင့်သုံးစေခြင်း၊ ပံ့ပိုးရန်လိုအပ်သည်များကို ပံ့ပိုးခြင်းများဆောင်ရွက်ရန်(၃)နှစ်စီမံကိန်းရေးဆွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဦးအောင်ဇော်နိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် ပြည်သူ့လွှတ်တော်စိုက်ပျိုးရေး-မွေးမြူရေးနှင့်ကျေးလက်လူမှုဘဝဖွံဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌဦးရန်လင်းက လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင်ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် FSWG အဖွဲ့တို့ …

Read More »