Home / 2019 / March / 28

Daily Archives: March 28, 2019

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ပဲခူး) ဖွင့်ပွဲအခမ်းအနားကျင်းပ

FI

မတ် ၂၈ (ပဲခူး) ==================== ပဲခူးတက္ကသိုလ်တွင် မတ်လ(၂၈)ရက်နေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်(ပဲခူး)ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပထမပိုင်းအစီအစဉ်အနေဖြင့် ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော်အား နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးထင်ကျော်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ထူးချွန်ကျောင်းသား/သူ(၆)ဦးတို့က ကျောင်းသား/သူ(၂၀၀)ဦး ခြံရံလျှက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြသည်။ ထို့နောက် ပဲခူးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း၌ ဒုတိယပိုင်းအစီအစဉ် ကျင်းပပြုလုပ်ရာ ပဲခူးမြို့အထက(၃)၊ အထက(ခွဲ)ပန်းလှိုင်နှင့် ပန်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူများက “ကလေးစာပေပွဲတော် Theme Song” သီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အမှာစကားပြောကြားသည်။ ယင်းနောက် ပဲခူးတက္ကသိုလ်ကျောင်းသား/သူများက တက္ကသီလာဥဿာမြေ …

Read More »