Home / 2019 / March / 29

Daily Archives: March 29, 2019

ကြာအင်းကုန်းကျေးရွာ လူထုတွေ့ဆုံပွဲတွင် ပြည်သူများ၏အခက်အခဲပြဿာနာများကို ဝန်းရံဖြေရှင်းပေးရန် လာရောက်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်ပြောကြား

FI

မတ် ၂၉ (ကျောက်တံခါး) ================== မတ်လ(၂၉)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု၊ ကြာအင်းကုန်းကျေးရွာ သာသနာ့ရက္ခိတ မဟာစည်ဘုန်းတော်ကြီးကျောင်းတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများ၏ အခက်အခဲပြဿာနာများကို ဝန်းရံဖြေရှင်းပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အတွက် မိမိနှင့်အတူ စက်မှု၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လွှတ်တော်ဒုတိယဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ လာရောက်ကြခြင်းဖြစ်ကြောင်း၊ ပြည်သူများကလည်း နားလည်မှုပေးနိုင်သော လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်အောင် ကျင့်ကြံတည်ဆောက်ရန်လိုအပ်ကြောင်း၊ အချင်းချင်းနားလည်မှုပေးပြီး စည်းလုံးညီညွတ်မှုရှိအောင် ကြိုးကြရန်လိုအပ်ကြောင်း၊ မေးမြန်းတင်ပြရာတွင် အများအတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များကိုသာ အဓိကထားဦးစားပေး မေးမြန်းတင်ပြစေလိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသော ကြာအင်းကုန်းကျေးရွာအုပ်စုအတွင်းရှိ ကြာအင်းကုန်းကျေးရွာ၊ မီချောင်းအိုင်ကျေးရွာ၊ ဆင်ဆိပ်ကလေးကျေးရွာ၊ ကြိုင်အုံကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ သာယာကုန်းကျေးရွာ၊ ကျောက်ခဲအင်းကျေးရွာ၊ ကြာပင်အိုင်ကျေးရွာ၊ အောင်ကုန်းကျေးရွာ၊ အောင်မြင်ကျေးရွာအုပ်စု၊ ခင်အင်းကြီးကျေးရွာအုပ်စု၊ ဆားပြင်ကျေးရွာအုပ်စု၊ တူမောင်ကျေးရွာအုပ်စု၊ …

Read More »

World Toilet Association မှ Public Toilet ဆောက်လုပ်လှူဒါန်းနိုင်ရန် လာရောက်တွေ့ဆုံ

FI

မတ် ၂၉ (ပဲခူး) =============== မတ်လ (၂၉)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများ အစည်းအဝေးခန်းမသို့ World Toilet Association မှ Public Toilet ဆောက်လုပ်လှူဒါန်းနိုင်ရန် လာရောက်တွေ့ဆုံသည်။ ရှေးဦးစွာ Suwon Government မှ Director General of Environment Bureau, Mr Kyo-Won,Kim က မိမိတို့အစိုးရအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘဝမြှင့်တင်ရေးလုပ်ငန်းများအား သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ဒေသတွင်း လူမှုရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း၊ World Toilet Association မှ Vice President , Mr. Sim Young chan က ပဲခူးမြို့တွင်းရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီးနှင့် ကမ္ဘောဇသာဒီနန်းတော်ဝန်းအတွင်း နိုင်ငံတကာအဆင့်မီ Public Toilet …

Read More »

ကျေးရွာပေါင်း(၂၉)ရွာကျော် အကျိုးပြုမည့် သူဌေးကုန်း-ကင်းရွာ ကွန်ကရစ်လမ်းဖွင့်လှစ်

FI

မတ် ၂၉ (ကျောက်တံခါး) =================== ကျောက်တံခါးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ထူးလင်းကုမ္ပဏီတို့ တာဝန်ယူဆောင်ရွက်ခဲ့သော ကျေးရွာပေါင်း(၂၉)ရွာကျော် အသုံးပြုမည့် သူဌေးကုန်း-ကင်းရွာကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ်လ(၂၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကျောက်တံခါးမြို့နယ် သူဌေးကုန်း-ကင်းရွာကွန်ကရစ်လမ်းမုခ်ဦး၌ ကျင်းပပြုလုပ်သည်။ အဆိုပါလမ်းဖွင့်ပွဲအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးမှ လမ်းဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် သူဌေးကုန်း-ကင်းရွာကွန်ကရစ်လမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခင်သက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ အဆိုပါလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် …

Read More »