Home / 2019 / March (page 3)

Monthly Archives: March 2019

(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ညောင်လေးပင်မြို့၌ဖွင့်လှစ်

FI

မတ် ၁၇ (ညောင်လေးပင်) ================ ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့၊ မြို့မ(၂)ရပ်ကွက်၊ ကြားတောရ(၁)လမ်း အုတ်ဖိုတောရကျောင်းရှေ့တွင် မတ်လ(၁၇)ရက်နေ့ နံနက်(၉)နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်သည်။ ရှေးဦးစွာ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းဆေးရုံ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းကာ တိုင်းရင်းဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက တိုင်းရင်းဆေးရုံများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံတိုင်းရင်းဆေးဆရာတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ(၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို ပြည်သူများ၏ကျန်းမာရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရည်မှန်းချက်များနှင့်အညီ ပြုစုစောင့်ရှောက်မှု …

Read More »

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ

FI

မတ် ၁၄ (ပဲခူး) =================== မတ်လ (၁၄)ရက်နေ့၊ ညနေ(၆)နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းက ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး  ဦးစီးဌာန၊ ဝန်ထမ်းများနှင့် တွေ့ဆုံရခြင်းသည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်ချက်များ၊ လက်ရှိနိုင်ငံအစိုးရသွားနေသည့် မူဝါဒ၊ လမ်းစဉ်များအား သိရှိစေရန်ဖြစ်ကြောင်း၊ နိုင်ငံရေးစနစ်တွေ ဘယ်လိုပင်ပြောင်းလဲစေကာမူ အုပ်ချုပ်ရေးမဏ္ဍိုင် မယိုင်လဲအောင် ရပ်/ကျေးအဆင့်မှစ၍ ပြည်ထောင်စုအဆင့်ထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများတာဝန်ထမ်းဆောင်ရခြင်းကို လေးစားတန်ဖိုးထားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများတွင်လည်း လိုက်ပါနိုင်ရန်လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အငြိမ်းစားဝန်ထမ်းကြီးများ၊ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် DGB Microfinance Myanmar မှ အလှူငွေ လာရောက်လှူဒါန်း

FI

မတ် ၁၃ (ပဲခူး) ====================== မတ်လ (၁၃)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် DGB Microfinance Myanmar မှ အလှူငွေကျပ် သိန်း(၅၀) လာရောက်လှူဒါန်းသည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းတွင် အသေးစားငွေချေး လုပ်ငန်းများကို ပြည်တွင်း/ပြည်ပကုမ္ပဏီများမှ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ဘဏ်လုပ်ငန်းများ၊ အသေးစားငွေချေးလုပ်ငန်းများ၊ အာမခံ လုပ်ငန်းများစသည့်တို့ကို ပြည်တွင်း/ပြည်ပကုမ္ပဏီများ လုပ်ကိုင်ခွင့်ချထားပေးလျက်ရှိကြောင်း၊ အသေးစားငွေချေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတိုးနှုန်းသက်သာစွာ ပြည်သူလည်း အကျိုးရှိ၊ ကုမ္ပဏီလည်း အကျိုးရှိအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ယခုလို ပဲခူးတိုင်း ဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အလှူငွေကျပ်သိန်း(၅၀) လာရောက်လှူဒါန်းပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် DGB Microfinance Myanmar မှ CEO, Mr. Kim, Tae …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းထံသို့ BBC Media Action မှ လာရောက်တွေ့ဆုံ

FI

မတ် ၁၂ (ပဲခူး) =============== မတ်လ (၁၂)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်  ဧည့်ခန်းမသို့ BBC Media Action မှ “ရွှေ့ပြောင်းသွားလာခြင်းနှင့် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် လာရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။ ရှေးဦးစွာ BBC Media Action မှ Service Producer, Mr. Dipak Bhattarci က မိမိတို့အဖွဲ့သည် MRTV တွင် ထုတ်လွှင့်ရန်အတွက် “ခံစားကြည့်” အမည်ရှိ ရုပ်သံမှတ်တမ်းများ ရိုက်ကူးလျက်ရှိပြီး မြန်မာပြည်တွင်း တိုင်းရင်းသားလူမျိုးများကြား ပိုမိုယုံကြည့်မှုရရှိနေရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ရိုက်ကူးရခြင်းဖြစ်ပါကြောင်း၊ ၎င်းအစီအစဉ်တွင် ပဲခူးတိုင်းဒေသကြီး အတွင်း အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များအား ပြည်သူများသိရှိစေရန် မတ်လ (၁၆)ရက်နေ့တွင် Famous Hotel …

Read More »

ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စည်ပင်သာယာရေးလုပ်ငန်းများအစီရင်ခံစနစ် အကောင်အထည်ဖော်ခြင်း အခမ်းအနားကျင်းပ

FI

မတ် ၁၁ (ပဲခူး) ====================== မတ်လ(၁၁)ရက်နေ့ မွန်းလွဲ(၁:၄၀)နာရီအချိန်က ပဲခူးမြို့ သီရိဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်သူ့ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန် စည်ပင်သာယာရေးလုပ်ငန်းများဝန်ဆောင်အစီရင်ခံသည့်ဆော့ဝဲစနစ် စတင်အကောင်အထည်ဖော်အသုံးပြုခြင်း မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာစောညိုဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့တွင် ပြည်သူများ၏ စည်ပင်သာယာရေးလိုအပ်ချက်များ စောင့်ကြည့်ပြီး လိုအပ်ချက်များဖြည့်ဆည်းပေးသည့် အစီအစဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့  ညွှန်ကြားရေးမှူးဦးအောင်မြင့်က ရှင်းလင်းပြောကြားသည်။ ထို့နောက် ICT နည်းပညာသုံးပြီး အုပ်ချုပ်ရေးလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ ထိရောက်အောင်ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့မှတာဝန်ရှိသူ Mr.Zubair K Bhattiကလည်းကောင်း၊ စည်ပင်သာယာရေးဝန်ဆောင်မှုအစီရင်ခံသည့်စနစ် ပလက်ဖောင်းနှင့်ပတ်သက်ပြီး အသုံးပြုပုံနည်းလမ်းများ၊ အဆိုပါအစီရင်ခံစနစ် Application ကို ဖုန်းဖြင့် ဒေါင်းလုပ်ရယူပုံ၊ အချက်အလက်ဖြည့်သွင်းခြင်းများ နှင့် ပေးပို့ခြင်းများပြုလုပ်ပုံအဆင့်ဆင့်ကို ကမ္ဘာ့ဘဏ်(ICT)အကြံပေး ဦးမျိုးမင်းဦးကလည်းကောင်းရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များမေးကြသည်။ ပြည်သူများသည် မိမိတို့၏ပတ်ဝန်းကျင်ရှိ စည်ပင်သာယာရေးနှင့်ပတ်သက်သည့် အခြေအနေများ၊ …

Read More »

ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော်နိုင်ရေး လာရောက်ဆွေးနွေး

FI

မတ် ၁၁ (ပဲခူး) ================ မတ်လ (၁၁)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ဧည့်ခန်းမ၌ ပဲခူးမြို့နယ်၊ အင်းတကော်ဒေသတွင် နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် အကောင်အထည်ဖော် တည်ဆောက်နိုင်ရေး  Myanmar Zhejiang Chamber of Commerce မှ Mr. Tu Guo Ding ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ လာရောက်တွေ့ဆုံ တင်ပြခဲ့သည်။ ရှေးဦးစွာ ဒါရိုက်တာ ဦးသူရအောင်က Myanmar Zhejiang Chamber of Commerce သည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁၄)ခုအား လုပ်ကိုင်လျက်ရှိပါကြောင်းနှင့် ပဲခူးမြို့နယ်၊ အင်းတကော်မြို့၊ ဆပ်အင်းကျေးရွာအနီး၌ နိုင်ငံတကာအဆင့်မီ စက်မှုဥယျာဉ်ဇုန် ဖော်ဆောင်နိုင်ရေး လုပ်ငန်းစီမံချက် အသေးစိတ်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက …

Read More »

သာယာဝတီခရိုင်အတွင်း စက်မှုလယ်ယာစနစ်တကျလယ်မြေစီမံကိန်းဆောင်ရွက်နေမှုနှင့် Community Learning Centre ဆောက်လုပ်နေမှုအား ဝန်ကြီးချုပ် စစ်ဆေးကြည့်ရှု

FI

လက်ပံတန်း မတ် ၁၀ ======================= ၂၀၁၈-၂၀၁၉ ဘဏ္ဏာနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဖော်ထုတ်သော စက်မှုလယ်ယာ စနစ်ကျလယ်မြေ(၁၀၂)ဧက ဖော်ထုတ်ရေးစီမံကိန်းအခြေအနေအားရှင်းလင်းတင်ပြခြင်းကို မတ်လ(၁၀) ရက်နေ့ နံနက်(၁၀း၃၀)အချိန်က သာယာဝတီခရိုင်၊လက်ပံတန်းမြို့နယ်၊ ရေကန်ကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာရှိ ကွင်းအမှတ်(၁၀၉၈၊သပြေပင်ကွင်း)၌ကျင်းပ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာဝန်ကြီးချုပ်က လယ်စိုက်ဖို့အချိန်မှီမမှီ၊ ရေလုံလောက်စွာရရှိမှုရှိမရှိ မေးမြန်းရာ ပဲခူးတိုင်းစိုက်ပျိုးရေးညွှန်ကြားရေးမှူး ဦးလှမြင့်ကပြန်လည်ရှင်းလင်းတင်ပြသည်။စက်မူလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးညွှန်ကြားရေးမှူး ဦးဝင်းရွှေက စက်မူလယ်ယာစနစ်တကျလယ်မြေ(၁၀၂)ဧကဖော်ထုတ်ရေးစီမံကိန်းတွင် လုပ်ငန်းများဖော်ထုတ်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ မင်းလှမြို့နယ် သာယာကုန်းကျေးရွာအုပ်စု မင်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ Community Learning Center RC ၁ထပ် ဆောက်လုပ်နေမှုအား ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါ အဆောက်အဦအား ၂၀၁၈-၂၀၁၉ဘဏ္ဏာရေးနှစ် ခွင့်ပြုငွေကျပ် ၄၉.၃ သန်းဖြင့် Red Full Moon ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး RC(၁)ထပ် (၆၀ပေ×၃၅ပေ×၁၂ပေ)ရှိကြောင်း သိရှိရသည်။

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လက်ပံတန်း-ကျွန်းကလေးလမ်းပေါ်ရှိ တံတားအမှတ်(၃/၈၉)တည်ဆောက်ခြင်းအား ကြည့်ရှု

FI

မတ် ၁၀ (လက်ပံတန်း) =============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မတ်လ(၁၀)ရက်နေ့ နံနက်(၈)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ လက်ပံတန်းမြို့နယ် လက်ပံတန်း-ကျွန်းကလေးလမ်းပေါ်ရှိ လက်ပံတန်းမြို့အဝင် တံတားအမှတ်(၃/၈၉)တည်ဆောက်ခြင်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဇော်ထွန်းက တံတားအမှတ်(၃/၈၉) တည်ဆောက်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှလိုအပ်သည်များလမ်းညွှန်မှာကြားပြီး တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါတံတားသည် လက်ပံတန်း-ကျွန်းကလေးလမ်း မိုင်(၈၈/၃)နှင့်မိုင်(၈၈/၄)အကြားရှိ ယခင်သစ်သားတံတားနေရာတွင် အရှည်(၁၄၀)ပေ၊ အကျယ်(၄၀)ပေ နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှစတင်ကာ ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၅၀၄)သန်းဖြင့် IDECO Co.,Ltdမှတာဝန်ယူကာ စက်တင်ဘာလအပြီးပြန်လည် တည်ဆောက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။ တံတားအမှတ်(၃/၈၉)သည် လက်ပတန်း မြို့အဝင်တံတားဖြစ်ပြီး ယခင်မူလက ဘေလီတံတားဖြစ်လို့ တစ်လမ်းမောင်းတံတားဖြစ်ရာ ခံနိုင်ဝန် အကန့်အသတ်ရှိသည့်အတွက် RCC နှစ်လမ်းသွားတံတားအဖြစ် ပြန်လည်တည်ဆောက်ပေးမှာဖြစ်သဖြင့် ပြည်သူများစိတ်ချမ်းမြေ့စွာ အသုံးပြုနိုင်မှာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) …

Read More »

နေရာလပ်မကျန် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူထုတွေ့ဆုံပွဲများကျင်းပပြုလုပ်

FI

မိုးညို မတ် ၉ =================== သာယာဝတီခရိုင် မိုးညိုမြို့နယ် ဖိုးစတောကျေးရွာအုပ်စု ရတနာသီရိဓမ္မဗိမာန်ကျောင်းတိုက်၌ မတ်လ(၉)ရက်နေ့၊ နေ့လည်(၁၂) နာရီအချိန်က ဒေသဖွံ့ဖြိုးရေးနှင့် ဒေသလိုအပ်ချက်များပေါင်းစပ်ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒေသခံပြည်သူလူထုတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်ဦးဝင်းသိန်းက ကျေးရွာများတွင် အုပ်ချုပ်ရေးကိစ္စ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စ၊ မီးလင်းရေးကိစ္စရပ်များနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့်မိမိတို့ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။ ထို့နောက် ဖိုးစတောကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးရွာတွင်တရားဥပဒေစိုးမိုးဖို့ဆောင်ရွက်ပေးနိုင်ပါရန်၊ မြေစာကျေးရွာအုပ်စုမှ ကမ်းပြိုခဲ့ရာမှ မြေနုကျွန်းများပေါ်ထွန်းလာရာမှ မြေဧကများပြန်လည်ခွဲဝေမှု မျှတခြင်းမရှိသောကြောင့် ပြန်လည်ဖြေရှင်းပေးနိုင်ပါရန်၊ ကျေးရွာလမ်းများအဆင့်မြှင့်တင်ပေးရန်တင်ပြရာ ဝန်ကြီးချုပ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်ဌာနဆိုင်ရာများသည် မိုးညိုမြို့နယ် ကရင်ချောင်ကျေးရွာ ဝိဇယာရာမကျောင်းတိုက်အတွင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ …

Read More »