Home / 2019 / March (page 5)

Monthly Archives: March 2019

ပဲခူးမြို့နယ်အတွင်းရှိစာဖြေဌာနများ၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်(၈၀၄၀)ဦး ဝင်ရောက်ဖြေဆို

FI

မတ်လ ၆ (ပဲခူး) ================= ၂၀၁၉ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား မတ်လ(၆)ရက်နေ့မှ(၁၅)ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ကျင်းပပြုလျှက်ရှိပြီး ယနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုနေကြပြီဖြစ်သည်။ ပဲခူးမြို့နယ်အတွင်း၌လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ပဲခူးမြို့ပေါ်ရှိ အထက(၁/၂/၃/၄/၅/၆/၇)၊ ဇောင်းတူကျေးရွာရှိ အထက(ဇောင်းတူ)၊ ကျောက်တန်းကျေးရွာရှိ အထက(ကျောက်တန်း)၊ ထုံးကြီးကျေးရွာရှိ အထက(ထုံးကြီး)၊ ပျဉ်ပုံကြီးကျေးရွာရှိ အထက(ပျဉ်ပုံကြီး)၊ ဘုရားကြီးမြို့ရှိ အထက(ဘုရားကြီး)၊ အင်းတကော်မြို့ရှိ အထက(အင်းတကော်) စသည်တို့၌ စာဖြေဌာန(၁၄)ခုဖွင့်လှစ်ထားရှိရာ စာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသား/သူ(၈၅၃၆)ဦး လျှောက်လွှာလျှောက်ထားကြောင်းပဲခူးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ယနေ့စတင်ဖြေဆိုကြသည့် မြန်မာစာဘာသာရပ်တွင် ဖြေဆိုရန်(၈၅၃၆)ဦး စာရင်းသွင်းလျှောက်ထားသော်လည်း (၈၀၄၀)ဦးသာ ဝင်ရောက်ဖြေဆိုကြပြီး စာမေးပွဲဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား/သူများမှာလည်း မြန်မာစာဘာသာရပ်အား အခက်အခဲမရှိ အေးချမ်းစွာဖြေဆိုကြကြောင်း သတင်းရရှိသည်။

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရှေးဟောင်းကျုံးနှင့် မြို့ရိုးတူးဖော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး

FI

မတ်လ ၅ (ပဲခူး) ================ မတ်လ (၅)ရက်နေ့၊ ညနေ(၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါလျက် ရှေးဟောင်းကျုံးတူးဖော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက   ရှေးဟောင်းကျုံး၊ ကျုံးပတ်လမ်းနှင့် မြို့ရိုးပြန်လည်တူးဖော်နေမှုများ၊ မြို့ရိုးတူးမှုမှ ရရှိသည့် ရှေးဟောင်းပစ္စည်းများ တစ်ခုချင်းစီ မှတ်တမ်းတင်ထားရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရှေးဟောင်းကျုံး၊ ကျုံးပတ်လမ်းနှင့် မြို့ရိုးပြန်လည်တူးဖော်မှုသည် ပဲခူးမြို့၏ အလွန်ကောင်းမွန်သော ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ တူးဖော်မှုများ ဆောင်ရွက်ရာတွင်လည်း သတ်မှတ်ထားသည့် အပိုင်းအလိုက် စနစ်တကျ ဆောင်ရွက်ရန်၊ တူးဖော်ပြီးစီးပါကလည်း ပြည်တွင်း/ပြည်ပ ခရီးသွားများ လွယ်ကူစွာ သိရှိစေရန် ရှေးဟောင်းယဉ်ကျေးမှုပတ်သက်၍ အချက်အလက်များ ထားရှိသွားရန်၊ တူးဖော်ရရှိသည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများကိုလည်း စနစ်တကျ နှစ်အပိုင်းအခြားအလိုက် ဖော်ပြရန် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ပဲခူးမြို့တွင် (၆)ထပ် စုပေါင်းရုံးတည်ဆောက်မည့်နေရာအား ကြည့်ရှု

FI

မတ် ၂ (ပဲခူး) ========================= မတ်လ(၂)ရက်နေ့ နံက်(၉:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းရင်းဆေးရုံအနီး၌ (၆)ထပ်စုပေါင်းရုံး ဆောက်လုပ်မည့်နေရာအား ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

Read More »

ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

FI

မတ် ၂ (ပဲခူး) =============== မတ်လ(၂)ရက်နေ့ နံနက်(၈)နာရီအချိန်က ပဲခူးမြို့ ဥဿာမြို့သစ်၊ သမိန်ဗရမ်းလမ်းဘက်ကမ်း ပဲခူးမြစ်ကူးတံတား(မြို့ဦးကင်း)တည်ဆောက်ရေးစီမံကိန်း ဆောင်ရွက်မည့်နေရာ၌ ပန္နက်တော်တင် တွင်းတော်ဝန်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က တံတားတည်ဆောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းက ပဲခူးမြို့သည် တိုင်းမြို့ဖြစ်သည့်အတွက်တိုင်းမြို့တော်အင်္ဂါရပ်နှင့် ညီညွတ်ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ မြို့ပြ စနစ်တကျဖွံ့ဖြိုးစေရေးအတွက် ပဲခူးဝန်းကျင်တဝိုက် ကွန်ယက်ချိတ်ဆက်မှုများကို ဦးစားပေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူလူထုမှလည်း လုပ်ငန်းစီမံကိန်းများ အောင်မြင်အောင် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ တွေ့ရှိရသည့်အတွက် လွန်စွာဝမ်းမြောက်မိပါကြောင်း ယခုဆိုရင် နိုင်ငံတော်အစိုးရရဲ့ဦးတည်ချက်များအတိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပဲခူးမြို့ကို တိုင်းမြို့တော်ကြီး၏ အင်္ဂါရပ်နှင့်အညီလမ်း- တံတားလုပ်ငန်းများကို အကောင်အထည်ဖောဆောင်ရွက်ပေးခဲ့ကြတဲ့ ဌာနရဲ့အင်ဂျင်နီယာဝန်ထမ်းများ ၊ ကာယ ၊ ဉာဏ ဝန်ထမ်းများကိုလည်း ပြည်သူများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူများမှလည်း မိမိတိုနေ့စဉ်သွားလာလှုပ်ရှားရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းပြီး လုံခြုံချောမွေ့စွာ သွားလာနိုင်ပြီ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ ဒေသခံပြည်သူနှင့် တွေ့ဆုံပွဲပြုလုပ်

FI

မတ် ၁ (ကညွတ်ကွင်း) ================== မတ်လ(၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ အောင်တော်မူခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့တိုင်းပြည်သည် သယံဇာတတွေ ပေါကြွယ်ခြင်း၊ ကောင်းမွန်သော ဘာသာတရားရှိကြသော်လည်း ရုပ်ဝတ္တုပိုင်းဆိုင်ရာများ သူများနိုင်ငံတွေထပ် ဘာကြောင့်နိမ့်ကျနေရသလဲ စဉ်းစားကြရန်လိုကြောင်း၊ အဓိကအားဖြင့် စိတ်ဓါတ်ပိုင်းမှာ နိမ့်ကျရင် သယံဇာတတွေ ပေါကြွယ်ဝသော်လည်း စီးပွားရေး၊ ပညာရေးစသည့် အဘက်ဘက်မှ နိမ့်ကျလာမည်ဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့တွေရဲ့ စိတ်ဓါတ်တွေ၊ အတွေးအခေါ်တွေကို  မြှင့်တင်ပေးကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်သူများမှ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လယ်ယာမြေဆိုင်ရာ ကိစ္စရပ်များနှင့် သစ်တောကျူးမြေဆိုင်ရာကိစ္စရပ်များအား တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read More »

BRIC ၏ လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု ထုတ်ပြန်ကြေငြာချက်

Presentation1

ပဲခူးတိုင်းဒေသကြီ:ရင်းနှီးမြှုပ်နှံမှုကော်မတီ (BRIC) စတင်ဖွဲ့စည်းခဲ့သည့် (၇-၇-၂၀၁၇)ရက်နေ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ဇန်နဝါရီလအထိ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေမှာ—

Read More »

အခြေခံအိမ်တွင်းမှုသင်တန်းနှင့် အဆင့်မြင့်စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်

FI

မတ် ၁ (ကညွတ်ကွင်း) =================== မတ်လ(၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဖြူး) တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၇)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေတို့က သင်တန်းဆင်းအမှာစကား ပြောကြားကြပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဖြူး)၏ ကျောင်းအုပ်ကြီး ဒေါ်မြမြသင်းက သင်တန်းတွင်ပို့ချခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းတွင်ထူးချွန်ဆုရရှိ(၂)ဦးနှင့် ဒုတိယ၊ တတိယရရှိသူတို့အား ဝန်ကြီးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဆုများပေးအပ်ချီးမြှင့်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှမျိုးရွှေက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။ ယင်းနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းဆင်းကျောင်းသူများ၏ လက်ရာများအားကြည့်ရှု အားပေးကြကြောင်းသိရသည်။ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇)နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၇)တို့အား ၂၀၁၈ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပြီး အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၇)တွင် …

Read More »