Home / 2019 / April / 22

Daily Archives: April 22, 2019

မှိုမျိုးစုံ မွေးမြူစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၂၂ (ပဲခူး) ================================= ဧပြီလ(၂၂)ရက်နေ့၊ (၉)နာရီအချိန်က ပဲခူးမြို့နယ်၊ (၁၀)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေး သင်တန်းကျောင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနက မှိုမျိုးစုံ မွေးမြူ စိုက်ပျိုး ထုတ်လုပ်နည်း သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်က အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးလှမြင့်က မှိုမျိုးစုံ မွေးမြူစိုက်ပျိုး ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ဝန်ကြီးနှင့်အဖွဲ့သည် မှိုမျိုးစုံ စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းအား( ၂၂-၄-၂၀၁၉ )ရက်နေ့မှ (၂၆-၄-၂၀၁၉)ရက်နေ့ထိ (၅)ရက် သင်တန်းပို့ချသွား မည်ဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်သည့် တောင်သူ သင်တန်းသား/သင်တန်းသူ(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Read More »

တတိယတန်း(သင်ရိုးသစ်) ပဲခူးခရိုင်အဆင့် နည်းပြသင်တန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၂၂ (ပဲခူး) ================ ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် ဧပြီလ(၂၂)ရက်နေ့ နံနက်(၈)နာရီအချိန်က တတိယတန်း(သင်ရိုးသစ်) ပဲခူးခရိုင်အဆင့် နည်းပြဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ)ဆရာမကြီး ဒေါ်အေးအေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပဲခူးခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်မာမာစုက သင်တန်းဖွင်လှစ်ရခြင်းနှင့် သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားကာ ပဲခူးမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်လွင်လွင်ဦးက အဆောင်စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ပညာရေးဝန်ကြီးဌာန အခြေပညာဦးစီးဌာန၏KG+12ပညာရေးစနစ်သစ် ပြောင်းလဲမည့်အစီအစဉ်အရ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် သင်ရိုးသစ်KGတန်း၊ ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် ပထမတန်း၊၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဒုတိယတန်း၊ ၂၀၁၉-၂၀၂၀တွင် တတိယတန်းနှင့် ဆဌမတန်းအားလည်းကောင်း၊ ၂၀၂၀-၂၀၂၁ပညာသင်နှစ်တွင် စတုတ္ထတန်း၊ သတ္တမတန်းနှင့်ဒဿ မတန်းတို့အားလည်းကောင်း၊ ၂၀၂၁-၂၀၂၂ပညာသင်နှစ်တွင် ပဉ္စမတန်း၊ အဌမတန်းနှင့်ဒွါရဒဿမတန်းတို့အားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် နဝမတန်းနှင့်ဧကဒဿ မတန်းတို့အားလည်းကောင်း နှစ်အလိုက် ပြောင်းလဲသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ တတိယတန်း(သင်ရိုးသစ်)တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ …

Read More »