Home / 2019 / April / 23

Daily Archives: April 23, 2019

ရေတာရှည်မြို့နယ်၊ ဆီမီးကံ(ပအိုဝ်)ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၂၃ (ရေတာရှည်) ========================= ဧပြီလ (၂၃)ရက်နေ့၊ မွန်းလွဲ(၁:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီ:အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရေတာရှည်မြို့နယ်၊ ဆီမီးကံ(ပအိုဝ်)ကျေးရွာ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူရွေးချယ်တင်မြောက်သော အစိုးရ၊ ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှသာ ဒီမိုကရေစီစနစ် ပီပြင်စွာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် နိုင်ငံရေးအခြေအနေကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာတို့ ယိုယွင်းမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း၊ အဓိကအားဖြင့် အတ္တကိုအခြေခံပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အားပြိုင်ချင်းများကြောင့် ငြိမ်းချမ်းရေးနှင့် ဝေးကွာခဲ့ရသလို တည်ဆောက်ရေးလုပ်ငန်းများတွင် တိုင်းပြည်၏ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုများရှိခဲ့ကြောင်း၊ ရုပ်ဝတ္တုပိုင်းဆိုင်ရာဖြစ်သော လမ်း/တံတားများ၊ အဆောက်အဦများ၊ သယံဇာတများ ဆုံးရှုံးခြင်းသည် ပြန်လည်ဆောင်ရွက်၍ ရပေမယ့် စိတ်ပိုင်းဆိုင်ရာဖြစ်သော ဒီမိုကရေစီ လူ့ယဉ်ကျေးမှုများသည် အကြောက်တရားကြောင့် ပျောက်ဆုံးသွားခဲ့ရပြီး ယနေ့အချိန်မှ ပြန်လည်ရှင်သန်ရန် ကြိုးစားဆောင်ရွက်နေရဆဲ ကာလတစ်ခုဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်သည် အကောင်အထည်ဖော် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတာရှည်မြို့နယ်၊ ဝဲဒေါင့်ကျေးရွာ၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၂၃ (ရေတာရှည်) =================== ဧပြီလ (၂၃)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ဝဲဒေါင့်ကျေးရွာအုပ်စု၊ ဝဲဒေါင့်ကျေးရွာ ကျောင်းကုန်းဘုန်းတော်ကြီးကျောင်း၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတ္တကို အခြေခံပြီး ဆောင်ရွက်ပါက တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ဘာသာနှင့် တစ်ဘာသာ၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး ပွတ်တိုက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး ယုံကြည်မှုများလည်း လျော့နည်းလာနိုင်မည်ဖြစ်ကြောင်း၊ ယုံကြည်မှုမရှိပါက အတူယှဉ်တွဲနေထိုင်သော်လည်း ရေရှည်တွင် ပရိပက္ခအသွင်ကို အချိန်မရွေး ဖြစ်ပေါ်စေနိုင်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့ လမ်းတံတား၊ လျှပ်စစ်မီး၊ အဆောက်အဦများကို မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ရသော်လည်း စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်နိုင်ပါက ရုပ်ဝတ္ထုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ အချိန်မရွေး ပျက်စီးသွားနိုင်ကြောင်း၊ ဒါကြောင့် ပထမဦးစွာ ယုံကြည်မှုများ တည်ဆောက်ရာတွင် မတူကွဲပြားမှုများကို နားလည်လက်ခံပြီး အတူပူးပေါင်းဆောင်ရွက်ခြင်းကသာ …

Read More »

ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၂၃ (ပဲခူး) =================== ပဲခူးမြို့၊ ဥဿာမြို့သစ် ဆည်မြောင်းလမ်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ဧပြီလ(၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နော်ပွယ်စေးက အဖွင့်အမှာစကားပြောကြားပြီး ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KWEG)ဒါရိုက်တာ နော်သက်သက်ထွန်းက KWEG ပေါ်ပေါက်လာပုံသမိုင်းကြောင်း၊ လုပ်ငန်းဆောင်ရွက်ပေးမှုများ၊ လုပ်ငန်းစဉ်များ၊ နေ့စဉ်ငွေစုပုံငွေစုနည်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စီးပွားရေးနှင့်ပတ်သက်သည့် ပညာဖြန့်ဝေပေးရေးအဖွဲ့မှ ဆရာမကြီးဒေါ်ဂျဲနီက “သင်၏စီးပွားရေးလုပ်ငန်းစတင်ခြင်းနှင့် ပိုမိုတိုးတက်အောင်ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး တက်ရောက်လာကြသည့် ကရင်တိုင်းရင်းသား/သူများက သိလိုသည်များ မေးမြန်းကြသည်။ ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲအား ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးဆက်ရေးအဖွဲ့ (KWEG) ရန်ကုန်ရုံးချုပ်မှဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ကရင်အမျိုးသမီးများနှင့် ကလေးများအတွက် အသိပညာဖွံ့ဖြိုးရေးနှင့် ကာကွယ်စောင့်ရှောက်ရေး၊ အမျိုးသမီးများအတွက် ကိုယ်ထူကိုယ်ထ ငွေစုငွေချေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေး၊ အိမ်ရှင်မများအမြင်ပွင့်လင်းလားပြီး လုပ်ငန်းအခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း …

Read More »