Home / 2019 / April / 24

Daily Archives: April 24, 2019

ကျောက်တံခါးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

FI

ဧပြီ ၂၄ (ကျောက်တံခါး) ================= ဧပြီလ(၂၄)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ကြာအင်းကုန်းကျေးရွာ၊ အင်းပတ်လည်ကျေးရွာတို့တွင် လေဘေးသင့်ပြည်သူများအား ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က နှုတ်ခွန်းဆက်စကားပြောကြားကြပြီး ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဘေးဖြစ်ပွားခြင်းအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လေဘေးသင့်အိမ်ထောင်စုများနှင့် မိသားစုများအတွက် လွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်နှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးတို့က ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ၊ အိမ်/ကျောင်း ဆောက်ပစ္စည်းဝယ်ယူရန် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးကလည်းကောင်း ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ကြသည်။ ဧပြီလ(၂၁)ရက်နေ့တွင် တိုက်ခတ်ခဲ့သော လေပြင်းမှုန်တိုင်းကြောင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၅)အုပ်စုတို့တွင် ပြိုလဲနေအိမ်(၂၂)လုံး၊ အမိုးလန်နေအိမ်(၂၁၈)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၂)ကျောင်း ပျက်စီးသွားကြောင်းသိရသည်။ အဆိုပါ …

Read More »

ထာဝရ ငြိမ်ချမ်းရေး စေတီတော်တွင် ကိန်းဝပ် စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ ပဲခူးမြို့သို့ ပင့်ဆောင်ပူဇော်

FI

ပဲခူး ၊ ဧပြီ ၂၄ ========================= ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ် စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံ အဆင့်ဆင့်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ပင့်ဆောင်အပူဇော်ခံလျက်ရှိရာ ဧပြီလ (၂၄) ရက်နေ့၊ နံနက်(၁၁) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ စစ်တောင်တံတားထိပ်မှ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများ၊ ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများမှ သွားရောက်ပင့်ဆောင်ခဲ့ပြီး ဝေါမြို့တွင် ခေတ္တရပ်နား ပူဇော်ခံခဲ့ကာ မွန်းလွဲ(၁:၃၀)အချိန်တွင် ပဲခူးမြို့သို့ ဆက်လက်ပင့်ဆောင်ခဲ့ကာ မွန်းလွဲ(၂)နာရီအချိန်တွင်  ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၊ ကျောက်ပန်းတောင်း ဓမ္မာရုံသို့ ရောက်ရှိလာခဲ့သည်။ နေပြည်တော်၊ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကွန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြက်နားတော်တို့အား ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိုမိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝတ်အသင်းအဖွဲ့များက ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျောက်ပန်းတောင်းဓမ္မာရုံသို့  ကြိုဆိုပင့်ဆောင်ကြရာတွင် …

Read More »