Home / 2019 / April / 25

Daily Archives: April 25, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပေါင်းတည်မြို့၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

FI

ဧပြီ ၂၅ (ပေါင်းတည်) =================== ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဧပြီလ (၂၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပေါင်းတည်မြို့၊ ဘိုးဘွားရိပ်သာ စိန်ရတုခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒီမိုကရေစီလူ့အသိုက်အဝန်း တည်ဆောက်ရာတွင် မတူကွဲပြားမှုများကို လက်ခံယုံကြည်စုစည်းပြီး အားတစ်ခုအဖြစ်ဖန်တီးကာ မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာ ဝိုင်းဝန်းတည်ဆောက်ရန်လိုအပ်ကြောင်း၊ ပြဿနာများ ဖြေရှင်းရာတွင်လည်း မေတ္တာတရားကို အခြေခံပြီး ဝိုင်းဝန်းဆွေးနွေး အဖြေရှာခြင်းကသာ ဒီမိုကရေစီလူ့ယဉ်ကျေးမှုတစ်ရပ်ကို ဖြစ်ပေါ်စေနိုင်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် လမ်းညွှန်မှာကြားခဲ့တာရှိကြောင်း၊ မည်သို့ပင် လူမျိုး၊ ဘာသာ၊ အဖွဲ့အစည်း ကွဲပြားနေသော်လည်း အတူတကွ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေး အစိုးရ၊ ဌာနဆိုင်ရာနှင့် ပြည်သူလူထုအားလုံး တာဝန်ရှိကြောင်းနှင့် အရာရာတွင် ပညာပျက်စိဖြင့် ကြည့်မြင်၍ ပြဿနာကို ဝိုင်းဝန်းစဉ်းစား ဖြေရှင်းနည်းအား အနာဂတ်မျိုးဆက်များအတွက် နည်းမှန်လမ်းမှန်များ ချန်ထားခဲ့ရန် အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။ …

Read More »

မေတ္တာတရားကို အခြေခံ၍ ဝိုင်းဝန်းဆွေးနွေး အဖြေရှာခြင်းကသာ ငြိမ်းချမ်းသော ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

ဧပြီ ၂၅ (သဲကုန်း) =========================== ဧပြီလ (၂၅)ရက်နေ့၊ နံနက်(၉)နာရီအချိန်က သဲကုန်းမြို့နယ်၊ ပုတီးကုန်းမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၊ မြို့လယ်ဓမ္မာရုံတွင် ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အောက်ခြေပြည်သူလူထု၏ အခက်အခဲများကို ကိုယ်တိုင်ကွင်းဆင်းဖြေရှင်းပေးရန်အတွက် လူထုတွေ့ဆုံပွဲများသို့ တက်ရောက်ရခြင်းဖြစ်ကြောင်း၊ တချို့ပြဿနာများဟာ အစိုးရ၊ ဌာနဆိုင်ရာ၊ လူထုများ ပူးပေါင်းဖြေရှင်းမှရနိုင်မည်ဖြစ်ကြောင်း၊  ခေတ်အဆက်အဆက်  အတ္တကိုအခြေခံသည့် အားပြိုင်မှုများရှိခဲ့တဲ့အတွက် လောကပါလတရား အားနည်းပြီး လူထုအတွင်းမှာ ပြဿနာပေါင်းစုံ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြဿနာများ ဖြေရှင်းရာတွင် ဂုဏ်ရှိန်အာဏာကိုအသုံးခြင်း၊ အင်အားကိုသုံးခြင်းတို့ဖြင့် ဖြေရှင်းခြင်းသည် လူ့အသိုင်းအဝန်းအတွက် မှားယွင်းမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ဒါကြောင့် မေတ္တာတရားကို အခြေခံ၍ ဝိုင်းဝန်းဆွေးနွေး အဖြေရှာခြင်းကသာ ငြိမ်းချမ်းသော ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ကြောင်း၊ အာဏာရှင်ဝါဒ စတင်ဖြစ်ပေါ်မှုသည် ပညာရေးမှ အခြေခံဖြစ်ကြောင်း၊ ဒါ့ကြောင့် …

Read More »