Home / 2019 / April / 26

Daily Archives: April 26, 2019

မိမိတို့ပြည်သူအစိုးရ၏ အာဏာသည် ပြည်သူ့လက်ထဲတွင်သာရှိသည်ဟု ဝန်ကြီးချုပ် ဦးဝင်းသိန်းပြောကြား

FI

ဧပြီ ၂၆ (ဇီးကုန်း) ======================= ဧပြီလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့၊ မြို့နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရှေးယခင်ဘုရင်စနစ်မှတိုင် ခေတ်အဆက်ဆက် အကြောက်တရား အခြေခံပြီး အမိန့်အာဏာများနှင့် ပြည်သူကိုအုပ်ချုပ်ခဲ့ကြောင်း၊ ယနေ့မျက်မှောက်ခေတ်ကာလသည် ဒီမိုကရေစီဝါဒ တစ်နည်းအားဖြင့် မိမိတို့ပြည်သူ့အစိုးရ၏ အာဏာသည် ပြည်သူ့လက်ထဲတွင်သာ ရှိသည်ဆိုတဲ့အတိုင်း ပြည်သူ့အုပ်ချုပ်ရေးစနစ်ဖြစ်သော ဒီမိုကရေစီအုပ်ချုပ်ရေး လမ်းစဉ်သည်သာ မြန်မာနိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်ကြောင်း၊ ဒီမိုကရေစီဝါဒကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ရန်ကြိုးစားခဲ့သော်လည်း နှစ်ပေါင်းများစွာ အောင်မြင်မှုမရခဲ့ကြောင်း၊ ယခုအချိန်သည် အခွင့်အခါကောင်းဖြစ်၍ ပြည်သူများလည်း ဒီမိုကရေစီလူ့ယဉ်ကျေးမှု အသိုင်းအဝန်းတစ်ခု ပေါ်ထွက်လာအောင် ဝိုင်းဝန်းကြိုးစားရန် လိုအပ်ကြောင်း၊ လူထုတွေ့ဆုံပွဲ ပြုလုပ်ခြင်းသည် ပြည်သူတို့၏ပြဿနာများကို အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူ ညှိနှိုင်းပေါင်းစပ် ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အတ္တဝါဒ၊ …

Read More »

ပဲခူးခရိုင်(၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

FI

ဧပြီ ၂၆ (ပဲခူး) ================== ပဲခူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ ဧပြီလ(၂၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် ပဲခူးခရိုင်(၈)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တက်ရောက်လာကြသော ပရိတ်သတ်များက နောက်ဆုံးဗိုလ်လုပွဲအဖြစ် သနပ်ပင်မြို့နယ်အသင်းနှင့် ရွှေကျင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိသူအား ပဲခူးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းဌေးကလည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ဒိုက်ဦးမြို့နယ်အသင်းနှင့် ဝေါမြို့နယ်အသင်းတို့အား ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာဒေါ်မိုးမိုးအောင်တို့ကလည်းကောင်း၊ ဒုတိယဆုရရှိသော သနပ်ပင်မြို့နယ်အသင်းအား ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်ဌေးကလည်းကောင်း တစ်ဦးဆုတံဆိပ်များနှင့် ငွေသားဆုများပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပထမဆုရရှိသော ရွှေကျင်မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကပေးအပ်ချီးမြှင့်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပဲခူးခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်က တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုတို့အား …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ပြည်မြို့နယ်၊ ဝက်ထီးကန်ကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဧပြီ ၂၆ (ပြည်) =========================== ပြည်မြို့နယ်၊ ဧပြီလ(၂၆)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ဝက်ထီးကန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ဆောင်ခန်းမ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် စနစ်ဆိုးများကြောင့် အချင်းချင်း ယုံကြည်မှုကင်းမဲ့ကာ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ရကြောင်း၊ မိမိတို့အစိုးရသည် ငြိမ်းချမ်းသော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ဖြစ်ပေါ်လာစေရေးအတွက် မတူကွဲပြားမှုတွေကို လေးစားလက်ခံခဲ့ကြောင်း၊ ဒီလို လက်ခံခဲ့မှုမှတစ်ဆင့် နိုင်ငံရေးစားပွဲဝိုင်းတွေမှာ မေတ္တာတရားအခြေခံပြီး ဆွေးနွေးအဖြေရှာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဆိုသည်မှာ နိုင်ငံရေးစနစ်၊ လူမှုရေးစနစ်၊ စီးပွားရေးစနစ်များလည်း ပါဝင်သလို နိုင်ငံ့အတွက် အလွန်အရေးပါသော ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးသည်လည်း တစ်စိတ်တစ်ပိုင်းအနေဖြင့် ပါဝင်ကြောင်း၊ ဒီလိုပြုပြင်ပြောင်းလဲမှုကို လက်ခံခြင်းမှသည် လူသားဝါဒကို အခြေခံသော ဒီမိုကရေစီစနစ်ကို ဖြစ်ပေါ်လာနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်မှာကြားချက်တွင် ပြဿနာရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အစိုးရ၊ …

Read More »

ပြည်မြို့တွင် အခြေခံဂျပန်စကားပြောသင်တန်းအား ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်

FI

ဧပြီ ၂၆ (ပြည်) =========================== ပြည်မြို့၊ ခေတ္တရာရတနာမြို့တော်ခန်းမ၌ ဧပြီလ (၂၆)ရက်နေ့၊ နံနက် (၈)နာရီအချိန်က အခြေခံဂျပန်စကားပြောသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် နိုင်ငံတကာမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပိတ်ပင်မှုများကြောင့် ပြည်သူများ အသိအမြင် ဗဟုသုတ နည်းပါးခဲ့ကြောင်း၊ ယခုခေတ်ကာလသည် ပညာခေတ်ဖြစ်ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလည်း လာရောက်ဆောင်ရွက်လာကြပြီဖြစ်၍ နိုင်ငံခြားဘာသာစကားများ တတ်ကျွမ်းရေးသည် အလွန်အရေးပါလာပြီဖြစ်ကြောင်း၊ ဒီသင်တန်းတွင် သင်ကြားပေးမည့် အခြေခံဂျပန်ဘာသာစကားကိုလည်း နားလည်တတ်ကျွမ်းနိုင်စေရန်အတွက် သင်ကြားမည့် ဆရာများဘက်မှလည်း စေတနာအရင်းခံ၍ သင်ကြားပေးစေလိုသလို သင်ကြားမည့် သားတို့သမီးတို့အနေဖြင့်လည်း ကြိုးကြိုးစားစား သင်ကြားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အဆိုပါ သင်တန်းအား အောင်ဆန်းပညာဒါနမှကြီးမှူး၍ ရွှေမင်းသမီးဖောင်ဒေးရှင်း၏ …

Read More »