Home / 2019 / April / 27

Daily Archives: April 27, 2019

ပဲခူး-စစ်တောင်းတူးမြောင်းဖြတ် တာဝရေတံခါးတံတားဖွင့်ပွဲနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

သနပ်ပင် ဧပြီ ၂၇ ===================== ဧပြီလ(၂၇)ရက်နေ့ နံနက်(၉)အချိန်က သနပ်ပင်မြို့နယ် တာဝရေတံခါးကျေးရွာ ပဲခူး-စစ်တောင်းတူးမြောင်းဖြတ် တာဝရေတံခါးတံတား ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စက်မှုလျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ တိုင်းဒေသကြီးအမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဒန်တို့က တာဝရေတံခါး တံတားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် တံတားအားလှည့်လည် ကြည့်ရှုကြသည်။ အဆိုပါတံတားသည် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး တံတားအရှည် ပေ၁၅၀၊အလျား ၁၄ပေ၊ အမြင့် ၁၅ပေရှိကာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၂၅၀)သန်းဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ တာဝရေတံခါးတံတားသစ်ကြီးသည် မြို့နယ် ၃ မြို့နယ်ဖြစ်သော ပဲခူး-သနပ်ပင်-ကဝမြို့နယ်များသို့ ဖြတ်သန်းသွားလာနိုင်မည်ပြီး ခံနိုင်ဝန်(၂၀)တန်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ရာ အခမ်းအနားတွင် ဝန်ကြီးချုပ်က ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ …

Read More »