Home / 2019 / April / 28

Daily Archives: April 28, 2019

ကျောက်တံခါးမြို့နယ် ဖဒိုမြို့တွင် လူထု တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

ဧပြီ ၂၈ (ကျောက်တံခါး) =================== ဧပြီလ(၂၈)ရက်နေ့ နံနက်(၁၁)နာရီအချိန်က ကျောက်တံခါးမြို့နယ် ဖဒိုမြို့ ဘုရားကြီးကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတက်ရောက်ကြပြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် လာကြသော ဖဒိုမြို့ရှိ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၅)အုပ်စုမှ ဒေသခံပြည်သူများက စည်ပင်သာယာရေးဆိုင်ရာကိစ္စရပ်များ၊ ဆည်မြောင်းရေပေးဝေမှုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ လျှပ်စစ်မီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ ရပ်ကွက်ဖွံဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် လမ်းနှင့်တံတား အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ အခြေခံပညာကျောင်းများ အဆင့်မြှင့်တင်ပေးရေးကိစ္စ၊ သိမ်းဆည်းမြေနေရာများအား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်ရေးကိစ္စ၊ ပုံစံ(၇)ထုတ်ပေးနိုင်ရေးကိစ္စ၊ တင်ပြကြရာ ဝန်ကြီးချုပ်၊ ဝန်ကြီးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းပြောကြားပြီး တင်ပြချက်များအပေါ် ဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးကျောင်းတိုက် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖဒိုမြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

FI

ဧပြီ ၂၈ (ကျောက်တံခါး) ============== ဧပြီလ(၂၈)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်က ကျောက်တံခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ဖဒိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ဈေးဦးစွာ ဖဒိုမြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးသစ်ကြီးအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်း၊ လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်၊ သယံဇာတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပက်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်း၊ ကျောက်တံခါးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဦးနှင့် ဈေးတည်ဆောက်ရေးကော်မတီဥက္ကဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။ ထို့နောက်ဝန်ကြီးချုပ် ဦးဝင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးတည်ဆောက်ရေးနာယက ကျောက်တံခါးမြို့၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းကျော်က ဈေးသစ်ကြီးအောင်မြင်စွာ တည်ဆောက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဈေးသစ်ကြီးနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ဈေးသစ်တည်ဆောက်ရေးကော်မတီဥက္ကဌ နှင့်အတွင်းရေးမှူးတို့က မြို့နယ်စည်ပက်သာယာရေးကော်မတီ ဥက္ကဌနှင့် အမှုဆောင်အရာရှိတို့ထံ လွှဲပြောင်းပေးအပ်ကာ သယံဇာတ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက ဈေးတည်ဆောက်အောင်မြင်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌနှင့် တာဝန်ရှိသူများက ဈေးသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှုကြသည်။ …

Read More »

ပဲခူးမြို့တွင် စုပေါင်းအမှိုက်ကောက် သန့်ရှင်းရေးပြုလုပ်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း ကြည့်ရှုအားပေး

FI

ဧပြီ ၂၈ (ပဲခူး) ================= ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ နော်ဝေနိုင်ငံ Nava လူမှုရေးအသင်းအဖွဲ့နှင့် ပဲခူးမြို့ပေါ် ပရဟိတအသင်းအဖွဲ့များပူးပေါင်းပြီး ဧပြီ(၂၈)ရက်နေ့ နံနက်(၆:၃၀)နာရီအချိန်က ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်ရုံးရှေ့နှင့် ကျွန်းသာယာရပ်ကွက် ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်ရေကန်ပတ်လည်တို့တွင် စုပေါင်းအမှိုက်ကောက်ခြင်းဖြင့် သန့်ရှင်းရေးပြုလုပ်ကြသည်။ ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး အတွင်း/အပြင် သန့်ရှင်းရေးပြုလုပ်ခြင်းကို တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်ရွှေဦးဆောင်သော တရားရေးဝန်ထမ်းများက ဆောင်ရွက်ပြုလုပ်ကြပြီး ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်းရေကန်ပတ်လည်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းစံဦးဆောင်၍ စည်ပင်သာယာဝန်ထမ်းများ၊ စည်ပင်သာယာကော်မတီဝင်များ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌနှင့် ပါတီဝင်များ၊ ပရဟိတအသင်းအဖွဲ့များ စုပေါင်းပြုလုပ်ကြသည်။ အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်းဖြင့် သန့်ရှင်းရေးပြုလုပ်သည့်နေရာများသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »