Home / 2019 / April / 29

Daily Archives: April 29, 2019

အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း

FI

ပဲခူး ဧပြီ ၂၉ =================== ပူပြင်းသောနွေရာသီတွင် သတိပြုရမည့် အပူဒဏ်အန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာနှင့် အများပြည်သူသိရှိစေရန် နှိုးဆော်ခြင်းလုပ်ငန်းများကို ဧပြီလ(၂၉)ရက်နေ့ နံနက်က ပဲခူးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်လျှက်ရှိသည်။ ရာသီဥတု အပူရှိန်မြင့်မားမှုကြောင့် ခေါင်းမူးခြင်း၊ မူးမိုက်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ အရေပြားအေး၍ စိုစွတ်ခြင်း၊ ပျို့အန်ခြင်း၊ ကြွက်တတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးမထွက်တော့ခြင်း၊ အရေပြားနီရဲကာ ခြောက်သွေ့ခြင်း၊ သတိလစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် နေ့လည် နေ့ခင်း မလိုအပ်ဘဲ အပြင်မသွားကြရန်နှင့် အကယ်၍ အပြင်သွားရန်မဖြစ်မနေလိုအပ်ပါက ထီး၊ ဦးထုပ် ဆောင်းသွားခြင်း၊ နေကာမျက်မှန်တပ်ခြင်း၊ အရောင်ဖျော့ ပွချောင်သော ချည်ထည်အဝတ်အစားများကို ဝတ်ဆင်ခြင်း၊ ညှပ်ဖိနပ်စီးခြင်း၊ ရေ(သို့)ဓာတ်ဆားရည် များများသောက်သုံးပေးခြင်း၊ ပူပြင်းချိန်များတွင် အရက်သေစာသောက်စားခြင်းမှ ရှောင်ကျဉ်ကျပါရန် နှိုးဆော်တိုက်တွန်းခြင်းများနှင့် …

Read More »

ပဲခူးမြို့အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး၏ရုပ်ကလာဒ်တော်အား ဝန်ကြီးချုပ်ဦးဝင်းသိန်း သွားရောက်ဖူးမျှော်ကန်တော့

FI

ဧပြီ ၂၉ (ပဲခူး) =============== ဧပြီလ(၂၉)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ကျောင်းတိုက်သို့ သွားရောက်ပြီး ဘဝနတ်ထံပျံလွန်တော်မူသွားသည့် အောင်သုခဓမ္မာရိပ်သာ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာဒ်တော်အား ဖူးမျှော်ကြည်ညိုခဲ့သည်။ အောင်သုခဓမ္မာရိပ်သာ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒိမာ သက်တော်(၉၆)နှစ်၊ ဝါတော်(၄၃)ဝါသည် ဧပြီလ(၂၇)ရက်နေ့ ည(၁၁:၁၀)နာရီအချိန်တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ဘဝနတ်ထံ ပျံလွန်တော်မူသွားကြောင်း သိရသည်။ ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန အခမ်းအနားအား လောင်တိုက်သွင်း ပူဇော်သင်္ဂြိုလ်နိုင်ရေးအတွက် ဦးဆောင်ဆရာတော်ကြီးများ၏လမ်းညွှန်မှုဖြင့် တပည့်ဒါယကာ/မများ၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ညှိနှိုင်းတိုင်ပင် အစည်းအဝေး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read More »