Home / 2019 / May / 26

Daily Archives: May 26, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း အုတ်ဖိုမြို့နယ်၊ ချင်းစုကျေးရွာ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

မေ ၂၆ (အုတ်ဖို) ========================== မေလ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၄၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် အုတ်ဖိုမြို့နယ်၊ အောက်ကိုင်ကျေးရွာအုပ်စု၊ ချင်းစုကျေးရွာ၊ အောင်သုခဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသခံလူထုတွေ့ဆုံပွဲမှတစ်ဆင့် ပြည်သူများကြုံတွေ့နေရသည့် အခက်အခဲများအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း အဖြေရှာပေးနိုင်ရန် လာရောက်ရခြင်းဖြစ်ကြောင်း၊ မည်သည့်ကိစ္စရပ်မဆို ပေါင်းစပ်ညှိနှိုင်း အဖြေရှာခြင်းသည် စစ်မှန်သော ဒီမိုကရေစီ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများအကြား ဒီမိုကရေစီ အလေ့အကျင့်ကောင်းများ ကျင့်သုံးမှာသာ မေတ္တာတရားကို အခြေခံပြီး လောကပါလတရားနှင့်အညီ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီသည် လူသားတစ်ဦးချင်းစီသော တန်ဖိုးထားသော လူသားဝါဒကို အခြေခံသော ကိုယ်ချင်းစာတရားနှင့်ပြည့်စုံသော သဘောသဘာဝများ ပါဝင်လျက်ရှိကြောင်းနှင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကာလတွင် စိတ်ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲရေးသည် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကဝေစု−အညာတန်း−ဖလံပင်−ဆင်ကူးမြေသားလမ်း …

Read More »

ဝန်ကြီးချုပ် ဦ:ဝင်းသိန်း ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ

FI

မေ ၂၆ (ကြို့ပင်ကောက်) ================================ မေလ (၂၆)ရက်နေ့၊ နံနက် (၉:၃၀)အချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးကျေးရွာအုပ်စု၊ ကျစွာဘုရား ရန်အောင်မြင်ဘုန်းတော်ကြီ:ကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦ:စွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းပြည်တစ်ခုမှာ လူ့စွမ်းအားအရင်းအမြစ်ကို မသုံးချပဲ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲပြီး တိုင်းပြည်ထူထောင်ခြင်းသည် အလွန်မှားယွင်းသော လမ်းကြောင်းတစ်ခုဖြစ်ကြောင်း၊ သယံဇာတသည် အချိန်အတိုင်းအတာတစ်ခုထိသာ သုံးစွဲနိုင်ပြီး ရေရှည်ရရှိနိုင်သည့် အခွင့်အရေးတစ်ခု မဟုတ်ဘဲ ကုန်ဆုံးသွားနိုင်သည့် ရုပ်ဝတ္တုပစ္စည်းတစ်ခုသာ ဖြစ်ကြောင်း၊ လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်သုံးစွဲခြင်းကသာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခု ဖြစ်ပြီး တိုင်းပြည်အတွက် ရေရှည်တန်ဖိုးရှိနိုင်မည်ဖြစ်ကြောင်း၊ သဘာဝသယံဇာတများကို ထုတ်ယူသုံးစွဲခြင်းကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများတွင် သဘာဝသယံဇာတကျိန်စာဟုခေါ်သော သဘာဝဘေးများ နှစ်စဉ်ကြုံတွေ့နေကြရသည်ကို သိရှိနားလည်သဘောပေါက်ရန် လိုအပ်ကြောင်း၊ ဒါကြောင့် လူ့စွမ်းအား အရင်းအမြစ်ကို မြှင့်တင်နိုင်ရန် မိမိတို့အစိုးရလက်ထက်တွင် အခြေခံပညာရေးစနစ်ကို …

Read More »

နတ္တလင်းမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

FI

မေ ၂၆ (နတ်တလင်း) ================= မေလ(၂၆)ရက်နေ့ နံနက်(၇:၃၀)နာရီအချိန်က သာယာဝတီခရိုင်၊ နတ္တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်က ဌာန၏လုပ်ငန်းတာဝန်များနှင့် ထောက်ပံ့ငွေ/ပစ္စည်းများပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်နိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်တို့က နတ္တလင်းမြို့နယ်အတွင်း လေပြင်းတိုက်ခိုက်ခံခဲ့ရသော ပြည်သူများအတွက် ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ထောက်ပံ့ရေးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း မေလ(၁၅/၁၆/၁၉/၂၀/၃၁)ရက်နေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုလဲနေအိမ်(၅၆)လုံး၊ အမိုးလန်နေအိမ်(၁၀၄၁)လုံး ပြိုလဲအမိုးလန်သွားခဲ့ပြီး အိမ်ထောင်စု(၅၆)စု၊ လူဦးရေ(၂၀၅)ဦး လေဘေးဒဏ်ခံခဲ့ရသည်။ ပြိုလဲနေအိမ်(၅၆)လုံးနှင့် အမိုးလန်နေအိမ်(၁၀၄၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၉၆၈၉၂၅၀)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၅၆)စုရှိ လူဦးရေ(၂၀၅)ဦးတို့အတွက် …

Read More »