Home / 2019 / May / 29

Daily Archives: May 29, 2019

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်/ ရပ်ကွက်/ ကျေးရွာအလိုက် အသက်(၁၈)နှစ် ပြည့်ပြီးသူများ လူဦးရေစာရင်း ထုတ်ပြန်ကြေငြာချက်

1

မေ ၂၉ (ပဲခူး) ========================== ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်/ ရပ်ကွက်/ ကျေးရွာအလိုက် အသက်(၁၈)နှစ် ပြည့်ပြီးသူများ လူဦးရေစာရင်း ထုတ်ပြန်ကြေငြာချက် အပြည်အစုံကြည့်ရှုရန်————————

Read More »

အသက်မွေးသင်တန်းကျောင်း ဖွင့်လှစ်နိုင်ရေး မြေငှားစာချုပ် ချုပ်ဆို

FI

မေ ၂၉ (ပဲခူး) ===================== မေလ (၂၉)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် Naypyitaw Capacity Development Co., Ltd(နေပြည်တော်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်) တို့ မြေငှားစာချုပ် ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် လူ့စွမ်းအား အရင်းအမြစ်ကို ပိုမိုတိုးတက်မြင့်မားစေရန် ဦးစားပေးဆောင်ရွက်ခဲ့ကြကြောင်း၊ ဒါမှလည်း နိုင်ငံတကာနည်းတူ လုပ်သားတိုင်း ထိုက်တန်သည့် လုပ်ခငွေကြေးရရှိနိုင်မည်ဖြစ်ကြောင်း၊ NayPyitaw Capacity Development Co., Ltd(နေပြည်တော်စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်) အနေဖြင့် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်နေသော အသက်မွေးပညာသင်တန်းကျောင်း ဖွင့်လှစ်ရန် ဆောင်ရွက်မှုကိုလည်း ကြိုဆိုပါကြောင်းနှင့် လုပ်ငန်းများ အောင်မြင်ပါစေကြောင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့် …

Read More »

အိမ်သုံးဆေးဝါးနှင့် ဖြည့်စွက်စာထုတ်လုပ်နိုင်ရေး မြေငှားစာချုပ် ချုပ်ဆို

FI

မေ ၂၉ (ပဲခူး) ========================== မေလ (၂၉)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် Amethyst Co., Ltd တို့နှင့် မြေငှားစာချုပ် ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စက်ရုံ၊ အလုပ်ရုံများ တည်ထောင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့အစိုးရသည် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေရသလို စီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးကိုလည်း ကြိုးပမ်းဆောင်ရွက်နေရသည့် အချိန်ကာလဖြစ်ကြောင်း၊ ယခင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အဘက်ဘက်မှ နိမ့်ကျခဲ့ရသော်လည်း ယခုအခါ ရင်းနှီးမြှုပ်မှုနှင့်ဆိုင်သော ခိုင်မာသောမူဝါဒများ၊ စီးပွားရေးနှင့်ဆိုင်သော ခိုင်မာသောမူဝါဒ/လမ်းစဉ်များ ချမှတ်ထားပြီးဖြစ်၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝဆောင်ရွက်လာနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ Amethyst Co., Ltdမှ မြန်မာ့ဒေသထွက်ကုန်ပစ္စည်းများဖြင့် ဆေးဝါးထုတ်လုပ်ခြင်းနှင့် ဖြည့်စွက်စာ(အားဆေး)များ ထုတ်လုပ်မည်ကို သိရှိရသဖြင့် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် …

Read More »