Home / 2019 / May / 31

Daily Archives: May 31, 2019

ပြည်တွင်းထုတ်ကုန်မှတစ်ဆင့် ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

FI

မေ ၃၁ (ပဲခူး) ====================== မေလ (၃၁)ရက်နေ့၊ နံနက်(၁၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်း ကြက်ဥ၊ ကြက်သား၊ ဝက်သား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် ပြည်တွင်းထုတ်ကုန်များအား ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေး Myanmar C.P Livestock Co., Ltd မှ ဒေါက်တာမျိုးသန့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Myanmar C.P Livestock Co., Ltd. Coordinator ဦးအောင်မျိုးမြတ်က နေပြည်တော်၊ တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများတွင် Village Fund Project ဖြင့် ကြက်မွေးမြူရေးနှင့် ဝက်မွေးမြူရေး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေအား Video Clip ဖြင့်လည်းကောင်း၊ Vice President ဒေါက်တာမျိုးသန့်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေတာရှည်၊ တောင်ငူ၊ အုတ်တွင်း၊ ဖြူးမြို့နယ်များရှိ ကျေးရွာ(၃၂)ရွာတွင် မွေးမြူရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်းရေးဆိုင်ရာ အခမ်းအနားကျင်းပပြုလုပ်

FI

မေ ၃၁ (ပဲခူး) ================= ပဲခူးမြို့ မြို့တော်ခန်းမတွင် မေလ(၃၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းဖွဲ့ စည်းရေးဆိုင်ရာ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်သည် မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ ကြုံတွေ့နေရသည့် မသန်စွမ်းမှုဆိုင်ရာ အတားအဆီးများ၊ ခွဲခြားဆက်ဆံခံရမှုများနှင့် အကျုံးဝင်ပါဝင်ခြင်းဆိုင်ရာ အတွေ့အကြုံများကိုအခြေခံပြီး ဖော်ထုတ်ရရှိသည့် သုတေသနရလဒ်များမှတဆင့် မသန်စွမ်းသူများ အလုပ်အကိုင်ရရှိမှု အခြေအနေ တိုးတက်ပြောင်းလဲလာစေရေးအတွက် သုတေသန စစ်တမ်းကောက်ယူရန် စီစဉ်နေသည်ကိုသိရှိရကြောင်း မိမိတို့အစိုးရနှင့်အတူ ဌာနဆိုင်ရာများ ပြည်သူလူထုအားလုံးမှလည်း အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးလျှက်ရှိကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ခန္ဓာကိုယ်မသန်စွမ်းသော်လည်း စိတ်ဓာတ်ကျမသွားဘဲ အမြဲဘဲစိတ်ဓာတ်တွေ သန်စွမ်းနေရန် ကြိုးစားအားထုတ်ပြီး နိုင်ငံအတွက် ကျရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဒုတိယဥက္ကဌ(၂)ဦးမိုးဇင်က ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်း ဖွဲ့စည်းရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများအသင်းဖွဲ့စည်းရာတွင် ချမှတ်ထားသည့် …

Read More »

ပဲခူးမြို့တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

FI

မေ ၃၁ (ပဲခူး) ==================================== ပဲခူးမြို့ သီရိဟံသာခန်းမ၌ မေလ(၃၁)ရက်နေ့ နံနက် (၉) နာရီအချိန်က ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူလူထုများ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ဆေးလိပ်ငွေ့ကင်းစင်သည့် တိုင်းဒေသကြီးဖြစ်ရန်အတွက် အာဏာပိုင်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များအားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်၊ ဆေးလိပ်ဆေးရွက်ကြီး ထိန်းချုပ်ရေးအတွက် နိုင်ငံတော်မှပြဌာန်းထားသည့် ဥပဒေ အမိန့်ကြော်ငြာစာများကို အလေးထားလိုက်နာ ဆောင်ရွက်ကြရန်၊ ပြည်သူလူထုကလည်း ကျန်းမာရေးအသိရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြသိင်္ဂီက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးငြိမ်းက ဆေးလိပ်၊ ဆေးရွက်ကြီး …

Read More »