Home / 2019 / May (page 5)

Monthly Archives: May 2019

ထန်းတပင်မြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာတွင် လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

မေ ၁၁ (တောင်ငူ) ========================== မေလ (၁၁)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ထန်းတပင်မြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများ၏ လိုအပ်ချက်များ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေး အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကိုယ်စားလှယ်များနှင့်အတူ ကွင်းဆင်းလာရောက်ခြင်းဖြစ်ကြောင်း၊ ပြည်သူများအကြားတွင်ရှိသော ပြဿနာရပ်များကို မေတ္တာတရားကို ဖြေရှင်းရာတွင် အခြေခံပြီး အတ္တ ပရ မျှတရန် ညီညာရန်လိုအပ်ကြောင်း၊ လူသားဝါဒဖြစ်တဲ့ ဒီမိုကရေစီခေတ်ကို ရောက်နေပြီဖြစ်၍ အမိန့်အာဏာ အကြောက်တရားဖြင့် ဖြေရှင်းရမယ့် အချိန်အခါမဟုတ်တော့ကြောင်း၊ ဒီမိုကရက်တစ် လူအဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် ရေသောက်ဖြစ်သော ပညာရေးကဏ္ဍကို စတင်ပြုပြင်ပြောင်းလဲနေပြီဖြစ်၍ ပြည်သူများအနေဖြင့် အနာဂတ်ပန်းတိုင်ဖြစ်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး အမြန်ဆုံးပေါ်ထွန်းလာရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း လူထုအခြေပြုဗဟိုဌာန(Community Center) ဖွင့်ပွဲအခမ်းအနား တက်ရောက်ခြင်းနှင့် တောင်ငူစျေးကြီးအတွင်းသို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေး

FI

မေ ၁၁ (တောင်ငူ) ========================== တောင်ငူမြို့၌ လူထုအခြေပြုဗဟိုဌာန (Community Center) ဖွင့်လှစ်ပွဲအား မေ(၁၁)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦ:စွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီး ဒေါ်နော်ပွယ်စေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် လူထုအခြေပြုဗဟိုဌာန (Community Center) ဆိုင်းဘုတ်အား အမွေးနံ့သာရည်များ ပက်ဖျန်းကာ တောင်ငူခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) အတွင်းသို့ လှည်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အခမ်းအနား ပထမပိုင်း ပြီးမြောက်ခဲ့သည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က အမှာစကားပြောကြားခဲ့ကြပြီး၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက …

Read More »

ဆိုလာစနစ်ဖြင့်လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေး တွေ့ဆုံဆွေးနွေး

IMG_9436

မေ ၉ (ပဲခူး) ======================== မေလ (၉)ရက်နေ့၊ ညနေ(၅:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးဒေသတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေး Myanmar Home Base Co., Ltd မှ Mr. Jialin Liu ဦးဆောင်သော ကိုယ်စားအလှယ်အဖွဲ့ လာရောက်တွ့ဆုံခဲ့သည်။ ရှေးဦးစွာ Myanmar Home Base Co., Ltd မှ Mr. Jialin Liu က မိမိတို့ကုမ္ပဏီအနေဖြင့် အမေရိကန်ဒေါ်လာ (၁၇၀)သန်း ရင်းနှီးမြှုပ်နှံ၍ ပဲခူးဒေသပတ်ဝန်းကျင်တွင် ဆိုလာစနစ်ဖြင့် (200)MW လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဆောင်ရွက်လိုပြီး ထွက်ရှိသည့် လျှပ်စစ်ဓါတ်အားများကို မဟာဓါတ်အားလိုင်းတွင် ချိတ်ဆက်သွားမည်ဖြစ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ သဘောထားကို သိရှိလိုပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် (30)MW …

Read More »

ဝန်ကြီးချုပ် ဦ:ဝင်သိန်းထံသို့ Carlsberg Gorup မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံ

FI

မေ ၉ (ပဲခူး) ======================== မေလ (၉)ရက်နေ့၊ ညနေ(၅)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ Carlsberg Gorup မှ Mr. Anthony Clark ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ Carlsberg Gorup မှ Mr. Anthony Clark က ထုတ်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် နှောင့်နှေးကြန့်ကြာမှုများနှင့် ကိုယ်စားအမည်များ လွှဲပြောင်းခွင့်ရရှိရေးတို့ တင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့မှ ဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ တွေ့ဆုံပွဲသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Carlsberg Gorup မှ Mr. Anthony Clarkနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Read More »

အတ္တကိုလျော့ချပြီး ပရစိတ်ဓါတ်များ မြင့်တက်လာအောင် ဆောင်ရွက်နိုင်မှ မေတ္တာတရားကိုအခြေခံတဲ့ လူသားဝါဒကို တန်ဖိုးထားသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ပြောကြား

FI

မေ ၈ (ပဲခူး) ================================= မေလ(၈)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တောင်ငူမြို့နယ်၊ မြောက်ရေကြည် ကျေးရွာအုပ်စု၊ ရွာသစ်ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများအတွက် အောက်ခြေအဆင့်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများအား အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူများပူးပေါင်း၍ လူထုတွေ့ဆုံပွဲများတွင် ဖြေရှင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အရ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ အာဏာကို အသုံးပြုပြီး နိုင်ငံရေးကို ဆောင်ရွက်ပါက လူမှုရေး၊ စီးပွားရေးတို့ ခေတ်အဆက်ဆက် ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ လူမှုပတ်ဝန်းကျင်တွင် အကြောက်တရား ကြီးစိုးခဲ့ပြီး အာဏာဖြင့် အုပ်ချုပ်ခဲ့သည့်စနစ်၏ အခြေခံသည် ပညာရေးစနစ်ဖြစ်ကြောင်း၊ ယခုအခါ ပညာရေးစနစ်အား ဒီမိုကရေစီ လူယဉ်ကျေးမှုတစ်ရပ်အဖြစ် ပေါ်လာနိုင်ရေး ပြုပြင်ပြောင်းလဲရေးများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမြဲမှာကြားလမ်းညွှန်ခဲ့သည့် မေတ္တာတရားဖြင့် အုပ်ချုပ်ခြင်း၊ မေတ္တာတရားဖြင့် ပြဿနာများကို …

Read More »

ရေတာရှည်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ဝန်ကြီးချုပ် ဦးဝင်းသိန်း တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

မေ ၈ (ရေတာရှည်) =========================== မေလ (၈)ရက်နေ့၊ နံနက် (၉)နာရီအချိန်က ရေတာရှည်မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ (၆)မိုင် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယခုလို တွေ့ဆုံပွဲများတွင် ပြည်သူများအနေဖြင့် အများအကျိုးအတွက် လိုအပ်ချက်တွေ၊ အောက်ခြေမြေပြင်တွင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရာတွင် ဖြစ်ပေါ်နေသည့် အဆင်မပြေမှုများ၊ မြေယာပြဿနာများ စသည့် အခက်အခဲများကို တင်ပြပေးကြစေလိုကြောင်း၊ ဒါမှသာ အခြေခံလိုအပ်ချက်များ၊ ဌာနဆိုင်ရာနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ မြေယာကိစ္စရပ်များနှင့်ပတ်သက်၍ ဖွဲ့စည်းပေးထားသည့် မြေ/စစ်၊ မြေ/စီ ကော်မတီအသီးသီးတို့မှ ပြန်လည်စိစစ် ဆောင်ရွက်ရမည့် အခြေအနေများကို ညှိနှိုင်းပေါင်းစပ် အဖြေရှာပေးနိုင်မှာဖြစ်ကြောင်း၊ လူထုတွေ့ဆုံပွဲမှတစ်ဆင့် ဒီမိုကရက်တစ် လူ့အသိုင်းအဝန်း၏ ယဉ်ကျေးသော၊ ယုံကြည်သော၊ လူအများစုပါဝင်ဆွေးနွေး ပေါင်းစပ်အဖြေရှာခြင်း စသည့် အလေ့အကျင့်ကောင်းများ ပေါ်ပေါက်လာစေနိုင်မည်ဖြစ်ကြောင်း၊  ခေတ်အဆက်ဆက် …

Read More »

ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေးပြုလုပ်

FI

မေ ၈ (ပဲခူး) ================== ၂၀၁၉ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် မေလ(၈)ရက်နေ့ နံနက်(၇)နာရီအချိန်က ကြက်ခြေနီကြီးကြပ်ကော်မတီနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး လှုပ်ရှားမှုပြုလုပ်ကြသည်။ မေလ(၈)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ခြေနီနေ့အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များအသီးသီးတွင် အထိမ်းအမှတ်အခမ်းအနားပွဲများ၊ သင်တန်းဖွင့်ပွဲ/ ဆင်းပွဲများ၊ သွေးလှူဒါန်းပွဲများ၊ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ ပြုလုပ်ကြပြီး ပဲခူးတိုင်းဒေသကြီးအတွင်း၌လည်း မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပဲခူးခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပဲခူးမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ကျောင်းအခြေပြု ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းတပ်ဖွဲ့ဝင်အင်အား (၁၀၀)ဦးခန့်တို့သည် စုပေါင်း၍ ပဲခူးမြို့ ဆေးရုံလမ်း၊ သနပ်ပင်လမ်း၊ ရွှေမော်ဓောဘုရားတစ်လျှောက်နှင့် လိပ်ပြာကန်ပတ်ပတ်လည်တို့တွင် အမှိုက်လှဲခြင်း၊ အမှိုက်ကောက်ခြင်း၊ အမှိုက်သိမ်းခြင်းလုပ်ငန်းများပြုလုပ်ကြကြောင်း သိရသည်။ မေလ(၈)ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပြီး နိုင်ငံတကာကြက်ခြေနီကော်မတီကို တည်ထောင်သူ ပထမဦးဆုံးငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူ ဟင်နရီဒူးနန့်အား ဂုဏ်ပြုသောအားဖြင့် ၎င်း၏မွေးနေ့ဖြစ်သည့် မေလ(၈)ရက်နေ့အား ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ကာ အထိမ်းအမှတ်ပွဲများ …

Read More »

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၁၉) အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

မေ ၇ (နေပြည်တော်) ============================= မေလ (၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က နေပြည်တော်၊ ရုံးအမှတ်(၃၀)၊ စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကျင်းပသော အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (၁/၂၀၁၉) အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦ:ဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရေရှည်ရှင်သန်နိုင်ရေး၊ လူငယ်စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာနိုင်ရေး၊ အရင်းအနှီးချေးငွေရရှိနိုင်ရေး နှင့် လိုအပ်သောမူဝါဒများ ချမှတ်ဆောင်နိုင်ရေး တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »

အမျိုးသားမြေအသုံးချမှုကောင်စီ(တတိယအကြိမ်)မြောက် အစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

မေ ၇ (နေပြည်တော်) ======================== မေလ(၇)ရက်နေ့၊ နံနက်(၉:၃၀)အချိန်က နေပြည်တော်၊ ရုံးအမှတ်(၃၉)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အင်ကြင်းခန်းမ၌ အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ ဦးဆောင်ကျင်းပပြုလုပ်သော  မြေအသုံးချမှုကောင်စီ(တတိယအကြိမ်)မြောက် အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်လျက်ရှိသည်။ အဆိုပါ အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအတွင်း မြေအသုံးချမှု စနစ်တကျ ဖြစ်စေရေး၊ သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း အကျိုးရှိရှိ အသုံးပြုနိုင်ရေး၊ မြေယာနှင့်ပတ်သည့် သတ်မှတ်အခွန်နှုန်းထားများအတိုင်း အပြည့်အဝ ရရှိနိုင်ရေးနှင့် အနာဂတ်တွင် ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်သော Eco Tourism နှင့် သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများအား တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတ ဦးဟန်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ပြည်နယ်/တိုင်းဒေသကြီး ဝန်ကြီးချုပ်များ တက်ရောက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read More »