Home / 2019 / May (page 6)

Monthly Archives: May 2019

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ၂၀၁၉-၂၀၂၀ ခု၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် အင်းလေလံတင်ရောင်းချမည့် နေ့ရက်၊ နေရာ၊ အချိန်များနှင့် စည်းကမ်းချက်များ ထုတ်ပြန်ကြေညာချက်

1233

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ၂၀၁၉-၂၀၂၀ ခု၊ လုပ်ငန်းရာသီနှစ်အတွက် (ပထမ)အကြိမ် အင်းလေလံတင်ရောင်းချမည့် နေ့ရက်၊ နေရာ၊ အချိန်များနှင့် စည်းကမ်းချက်များ ထုတ်ပြန်ကြေညာချက်များ အပြည့်အစုံ ကြည့်ရှုရန်—————————–  

Read More »

ပဲခူးမြို့တွင် ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပပြုလုပ်

FI

မေ ၆ (ပဲခူး) ================== ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်၍ မေလ(၆)ရက်နေ့ နံနက်(၇:၃၀)နာရီအချိန်က ပဲခူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှေ့၊ ဂုံးကျော်တံတားအနီး ရန်ကုန်-မန္တလေးကားမတွင် ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျင်းပပြုလုပ်သည်။ အဆိုပါ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအား မေလ(၆)ရက်နေ့မှ (၁၂)ရက်နေ့အထိ ပဲခူးမြို့ပေါ် နေရာအသီးသီးတွင် ပဲခူးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာဝန်ထမ်းများ၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန ဝန်ထမ်းများ၊ ယာဉ်လုပ်ငန်းများကြီးကြပ်ရေးကော်မတီများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်ပူးပေါင်းပြီး မော်တော်ယာဉ်များ၊ ဆိုင်ကယ်များအား ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ စတစ်ကာကပ်ပေးခြင်းများပြုလုပ်သည်။ ယာဉ်မောင်းသူများအနေဖြင့် ခါးပတ်ပတ်ဖို့၊ တယ်လီဖုန်းမပြောဖို့၊ အရှိန်ပြင်းပြင်းမမောင်းဖို့၊ မူးရင်မမောင်းဖို့၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့အတွက် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် စတစ်ကာများကပ်ပေးခြင်းဖြစ်ပါတယ်၊ မိမိ၏မျက်စိတစ်မှိတ် မျက်တောင်တစ်ခက် သတိကင်းလွတ်မှုကြောင့် ယာဉ်မတော်တဆမှုများ တစ်နေ့ထက်တစ်နေ့ …

Read More »

ပဲခူးမြို့တွင်(၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

မေ ၅ (ပဲခူး) ================= ပဲခူးမြို့ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်(၈)နာရီအချိန်က (၇၃)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မီးသတ်သမားကောင်း တစ်ယောက်တွင်ရှိရမည့် ခိုင်မာတည်ကြည်သည့်စိတ်ဓာတ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားမှု၊ အတွေ့အကြုံရင့်ကျက်မှု၊ နည်းပညာကြွယ်ဝမှုတို့ဖြင့် ပြည်သူကိုအလုပ်အကျွေးပြုကြရန်၊ နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး မိမိနိုင်ငံသားများအတွက် ပြန်လည်အသုံးချနိုင်ရေး ကြိုးပမ်းအားထုတ်ကြရန် အဖွင့်မိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင် ပထမဆုရရှိသူများနှင့် စံပြမီးသတ်စခန်းဆုရရှိသည့် မြို့နယ်မီးသတ်စခန်းအား ဝန်ကြီးချုပ်ဦးဝင်းသိန်းမှလည်းကောင်း၊ မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်သည့်သင်တန်းများ၌ ပထမဆုရရှိသူများနှင့် စံပြပထမဆုရရှိသူများအား ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်မှလည်းကောင်း၊ လက်နက်မဲ့စစ်ရေးပြပြိုင်နှင့် မီးသတ်စက်ကလေးပြိုင်ပွဲတို့တွင် ပထမဆုရရှိသည့် ခရိုင်များနှင့် လုပ်သက်(၂၅)နှစ်အထက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး လှမျိုးရွှေမှလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့များက …

Read More »

ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

FI

ပဲခူး မေ ၃ ======================== မေလ(၃)ရက်နေ့ နံနက်(၉)နာရီက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အသင်းတို့ ယှဉ်ပြိုင်ကြရာ သာယာဝတီခရိုင်အသင်းက အနိုင်ရဗိုလ်စွဲသွားကြောင်း သိရသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် အကောင်းဆုံးအားကစားဆုကိုရရှိသူ ကျောနံပတ်(၁) ထက်လင်းအောင် ပြည်ခရိုင်အား ဆုတံဆိပ်နှင့် ငွေသားဆုကို ပဲခူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦးကလည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်ခရိုင်အသင်းအား တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်ကလည်းကောင်း၊ ပထမဆုရရှိသော သာယာဝတီခရိုင်အသင်းအား လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေးကလည်းကောင်း၊ ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်ကလည်းကောင်း အသီးသီး ဆုများပေးအပ်ချီးမြှင့်ကြသည်။ အဆိုပါ ပဲခူးတိုင်းဒေသကြီး(၄)ခရိုင်ပြိုင်ပွဲမှ အကောင်းဆုံးကစားသမားများကို စုစည်း၍ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး နှင့်ပြည်နယ် …

Read More »

ရန်ကုန်တိုင်းနှင့်ပဲခူးတိုင်းဝန်ကြီးချုပ်တို့ သနပ်ပင်မြို့နယ်နှင့်ကဝမြို့နယ်တို့မှ ရှေးဟောင်းဘုရားစေတီများအား ဖူးမျှော်ကန်တော့

FI

မေ ၃ (ပဲခူး) ==================== ပဲခူးတိုင်းဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့သည် မေလ(၃)ရက်နေ့ နံနက်(၁၁)နာရီအချိန်က သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် အနောက်တံခွန်တိုင်ကျေးရွာ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ ကျိုက်ဒေးကစီကျောင်းတိုက်သို့ သွားရောက်ပြီး ပဓာနနာယကဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ကာ လှူ ဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူ ဒါန်းကြသည်။ ထို့နောက် ဝန်ကြီးချုပ်များနှင့်အဖွဲ့သည် ရှေးဟောင်းကျိုက်ဒေးကစီ စေတီတော်မြတ်ကြီး ပြန်လည်မွမ်းမံပြုပြင် တည်ဆောက်မှုအားကြည့်ရှုရာ သဲအင်းဂူဝိပဿ နာဓမ္မရိပ်သာ ကျိုက်ဒေးကစီကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးက ရှေးဟောင်းကျိုက်ဒေးကစီဘုရား ပြန်လည်မွမ်းမံ ပြုပြင်တည်ဆောက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းမိန့်ကြားကာ ပဲခူးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်းက ရှေးဟောင်းဘုရားများ ပြန်လည်မွမ်းမံပြုပြင် တည်ဆောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကဝမြို့နယ် ဖလေးကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့် ကျိုက်မတ်ကော်စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမျှော်ကန်တော့ပြီး ရနုကုန်တိုင်းနှင့် ပဲခူးတိုင်းတို့ ဆက်သွယ်သွားလာမည့် လမ်းတစ်လျှောက်ရှိ လမ်းနှင့်တံတားများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း …

Read More »

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တိုင်းဒေသကြီးနှစ်ခု လမ်းကွန်ယက် ချိတ်ဆက်နိုင်ရေး တွေ့ဆုံနွေးဆွေး

FI

မေ ၃ (ပဲခူး) ============ မေလ (၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တိုင်းဒေသကြီးနှစ်ခု လမ်းကွန်ယက် ချိတ်ဆက်နိုင်ရေး တွေ့ဆုံနွေးဆွေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် တစ်ခုနှင့်တစ်ခု အမှီပြုပြီး ကုန်းလမ်းကြောင်းအရ ချိတ်ဆက်မှု အများဆုံးဖြစ်ကြောင်း၊ ကဝမြို့နှင့်လှည်းကူးမြို့သို့ ဆက်သွယ်သော (သပြု-ဒါးပိန်)လမ်းသည်နောင်တစ်ချိန်တွင် သီလဝါအထိ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရမ်း-သုံးခွ-သနပ်ပင်လမ်းကိုလည်း မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး မကြာမီ ကုန်းတွင်းထွက်ပေါက်တစ်ခုအဖြစ် အကောင်အထည်ပေါ်လာမည်ဖြစ်ကြောင်းနှင့် ဆက်လက်၍လည်း ရန်ကုန်းတိုင်းဒေသကြီးနှင့် ပေါင်းစပ်၍ လမ်းကွန်ယက်များ ထပ်မံတိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့နှင့် ပဲခူးမြို့အား တစ်ပြေးညီ တသားတည်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် ချိတ်ဆက်ရမည့် လမ်းကွန်ယက်များ ဖော်ဆောင်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် နီးကပ်လျက်ရှိသော လှည်းကူးမြို့ကိုလည်း အဆင့်မြင့်တင်ရန် …

Read More »

သက်တော်(၉၆)နှစ်ရှိ ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာ ဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ သွားရောက်ဖူးမျှော်ကန်တော့

FI

မေ ၃ (ပဲခူး) =============== မေလ(၃)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့သည် ပဲခူးမြို့ ဗိုလ်ကုန်း(၁၈)ရပ်ကွက်၊ အောင်သုခဓမ္မရိပ်သာကျောင်းတိုက်သို့ သွားရောက်ပြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားသည့် သက်တော်(၉၆)နှစ်ရှိ အောင်သုခဓမ္မရိပ်သာဆရာတော်ဘုရားကြီး၏ ရုပ်ကလပ်တော်အား ဖူးမျှော်ကြည်ညိုခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂီဈာပနအတွက် အလှူ ငွေကျပ်(၅)သိန်းအား ဦးဆောင်နာယကဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့သည်။ ပဲခူးမြို့ အောင်သုခဓမ္မရိပ်သာကြီး၏ အဓိပတိမဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တစန္ဒီမာ သက်တော်(၉၆)နှစ်၊ ဝါတော်(၄၃)ဝါသည် ဧပြီလ(၂၇)ရက်နေ့ည(၁၁:၁၀)နာရီအချိန်တွင် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံ၌ ဘဝနတ်ထံပျံလွန်တော်မူသွားသဖြင့် တပည့်ရဟန်းသံဃာများနှင့့်် ဒါယကာ ဒါယိကာမများက ဆရာတော်ကြီး၏ရုပ်ကလပ်တော်အား ပဲခူးမြို့ရှိ ဆရာတော်သီတင်းသုံးနေထိုင်သည့် ကျောင်းတိုက်သို့ ပြန်လည်ပင့်ဆောင်ကာ အပူဇော်ခံထားရှိပြီး မေလ(၅)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် အောင်သုခဓမ္မရိပ်သာမှ လောင်တိုက်တော်ကျင်းပမည့် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ရဟတ်ယာဉ်ကွင်းသို့ ပင့်ဆောင်ပြီး တေဇောဓာတ်ဖြင့် အန္တိမအဂ္ဂိဈာပနာ မီးပူဇော်မည်ဖြစ်ကြောင်းသိရသည်။

Read More »