Home / 2019 / June / 21

Daily Archives: June 21, 2019

ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပပြုလုပ်

FI

ဇွန် ၂၁ (ပဲခူး) ==================== ပဲခူးမြို့ သီရိဟံသာခန်းမ ဧည့်ခန်းဆောင်တွင် ဇွန်လ(၂၁)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက တက်ရောက်လာကြသည့် ကော်မတီအဖွဲ့များအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အဓိကအခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်များနှင့်် ပတ်သက်၍ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးပေးရန် အဖွင့်အမှာစကားပြောကြားပြီး ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ ကော်မတီမှ အတည်ပြုဆုံးဖြတ်ချက်ချမှတ်ပြီး ကော်မတီဥက္ကဌမှ နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ပဲခူးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးသည် ၂၀၁၈-၂၀၁၉ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဒုတိယအကြိမ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပထမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ(၁၇)ရက်နေ့က ပဲခူးမြို့YMCAခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ …

Read More »

စစ်တောင်းမြစ်ဝဒေသ သယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်

FI

ဇွန် ၂၁ (ပဲခူး) ======================== ဇွန်လ (၂၁)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ ဥဿာကျော်ဟိုတယ်၌ ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ဝဒေသ သယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်းတက်ရောက်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက နေရာဒေသတိုင်း သယံဇာတများ ယုတ်လျော့ပျက်စီးလာမှု အန္တရာယ်များနှင့် ၎င်းတို့အား မှီခို၍ အသက်မွေးဝမ်းကျောင်းပြုနေကြသော ဒေသခံများ၏ အခက်အခဲများအား အတိုင်းအတာတစ်ခုထိ ဖြေရှင်းသွားနိုင်ရေး လူသားအားလုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အစွမ်းရှိသမျှ ကြိုးစားအားထုတ်သွားရမည်ဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်းနှင့် ဆက်စပ်လျက်ရှိနေရာများတွင် ဒီရေတောပင်များနှင့်သက်ဆိုင်သည့် နိုင်ငံအဆင့် မဟာဗျူ၊ လုပ်ငန်းစီမံချက်၊ မုတ္တမပင်လယ်ကွေ့စီမံကိန်း၏ ပံ့ပိုးမှုဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် အစိုးရသယံဇာတ ထိန်းသိမ်းရေးကော်မတီများအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲထားနိုင်ခဲ့ပြီး ပဲခူးမြစ်ဝစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များလည်း ရေးဆွဲပြဋ္ဌာန်းထားနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စစ်တောင်းမြစ်ဝသည် အရေးတကြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဖြစ်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရှင်များက တက်ကြွစွာ အကြံပြုဆွေးနွေး …

Read More »