Home / 2019 / June / 22

Daily Archives: June 22, 2019

ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

FI

ဇွန် ၂၂ (ဇေယျဝတီ) ======================= ဇွန်လ (၂၂)ရက်နေ့၊ မွန်းလွဲ(၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဒေသခံပြည်သူများ၏ ကြုံတွေ့နေရသည့် အခက်အခဲများအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန် ဖြူးမြို့နယ်၊ ဇေယျဝတီမြို့၊ မြစိမ်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူလူထု တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ရခြင်းသည် ပြည်သူနှင့် ဌာနဆိုင်ရာများကြား ကြန့်ကြာနေသည့် ကိစ္စရပ်များကို မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အစုအဖွဲ့ တစ်ဖွဲ့ချင်းပဲဖြစ်ဖြစ် တစ်ဦးချင်းပဲဖြစ်ဖြစ် ပြဿာနာရပ်များကို ဖြေရှင်းရာတွင် ပူးပေါင်းအဖြေရှာခြင်းကသာ ငြိမ်းချမ်းသော လူအဖွဲ့အစည်းကို ရေရှည်တည်တံ့နိုင်စေမှာဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ခြင်းသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာလည်းလည်း တိုးတက်မြှင့်မာရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် အတိတ်သမိုင်းက အတူတကွ လွတ်လပ်ရေးရရန် ကြိုးစားခဲ့သည့် သွေးသောက်ညီရင်းအစ်ကိုများပင်ဖြစ်ကြောင်း၊ ဒီအခြေအနေကို ကျော်လွှားနိုင်ရန်အတွက် …

Read More »

ဖြူးမြို့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဇွန် ၂၂ (ဖြူး) =================== ဇွန်လ (၂၂)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ဖြူးမြို့၊ မြို့နယ်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သော်လည်း တိုင်းပြည်တိုးတက်မှု နောက်ကျခဲ့ရကြောင်း၊ အမှန်တကယ် ပြုပြင်ပြောင်းလဲမှုဖြစ်သည့် ပညာရေးစနစ်ကို မဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒါကြောင့် မိမိတို့ အစိုးရလက်ထက်တွင် အခြေခံပညာရေးစနစ်ကို နှစ်အလိုက်ပြောင်းလဲနေသလို သင်ကြားရေးနှင့်ပတ်သက်၍ ဆရာ/ဆရာမများအားလည်းကောင်း လိုအပ်သော သင်တန်းများပေးထားပြီးဖြစ်ပါကြောင်း၊ ပညာရေးစနစ် တိုးတက်မြှင့်မားလာမှသာ နိုင်ငံ၏ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်တဲ့အတွက် မိဘများကပါ ပြောင်းလဲလာသည့် ပညာရေးစနစ်သစ်ကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ခေတ်သည် ပညာရေးကို ဦးစာပေးသော နည်းပညာခေတ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပညာရေးကဏ္ဍကို မြှင့်တင်မှသာ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော …

Read More »

အထက(ခွဲ)မှ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြင့်ခြင်း အခမ်းအနားကျင်းပ

FI

ဇွန်လ ၂၂ (ဖြူး) ================ ဇွန်လ(၂၂)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖြူးမြို့ဘူတာတောင်ရပ်ကွက်ရှိ ယခင်အခြေခံပညာအထက်ကျောင်း(ခွဲ)အား အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဖြူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းအား ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေး၊ တိုင်းဒေသကြီးလွှတ်တောကိုယ်စားလှယ် ဦးသက်စိန်၊ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီးနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းတို့က အမှာစကားများပြောကြားပြီး ဖြူးမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအကျိုးတော်ဆောင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ကျောင်းသား/ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ဖြူ းမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသည် ၁၉၅၄ခုနှစ်တွင် အခြေခံပညာမူလတန်းကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၆၈ခုနှစ်တွင် အလယ်တန်းကျောင်းအဖြစ်လည်းကောင်း၊ ၂၀၁၁-၂၀၁၂ပညာသင်နှစ်တွင် အထက(ခွဲ)အဖြစ်လည်းကောင်း၊ ၂၀၁၉-၂၀၂၀ပညာသင်နှစ်တွင် အထက(၃)အဖြစ်လည်းကောင်း အဆင့်ဆင့်ပြောင်းလဲကာ အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သော ကျောင်းဖြစ်သည်။ …

Read More »