Home / 2019 / June / 23

Daily Archives: June 23, 2019

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတွေ့ဆုံပွဲပြုလုပ်

FI

မင်းလှ ဇွန် ၂၃ ================ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဇွန် ၂၃ ရက် နေ့လည် ၂ နာရီချိန်ကပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် မင်းလှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများတွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းများ ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်သူများအနေဖြင့် တိုင်ပြည်အပြောင်းအလဲ စီပွားရေးမူဝါဒများကို သိရှိနားလည်းရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသတွင် စိတ်ဓါတ်ယဉ်ကျေးမူဆိုင်ရာများ ခိုင်မာသောဈေးကွက်ဆိုင်ရာများ   စိုက်ပျိုးရေးဆိုင်ရာများ မြေယာကဏ္ဍများကို ညှိနှိုင်းပေါင်းစပ်မှုများပြုလုပ်ကြရန်  အတွေးအခေါ်များကိုလည်း  ခေတ်ကာလနှင့် ညီမျှသည့် အတွေးအခေါ်များ ပြောင်းလဲရန်နှင့် မေတ္တာတရားရှေ့ထား၍ ဒီမိုကရေစနစ်နှင့် ကိုက်ညီသော နေထိုင်တက်အောင်နေကြရန် ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများက  သိမ်းဆည်းလယ်ယာမြေနှင့်ပတ်သက်၍ လျော်ကြေး(သို့)မြေယာအစားထိုး ပြန်လည်ရရှိရေးကိုလည်းကောင်း၊ ကျေးလက်လမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရေးကိုလည်းကောင်း၊ ကျေးလက်မီးလင်းရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ ရေကြီးရေလျှံမှုနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရန် လိုအပ်ချက်များကိုလည်းကောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ရဲကင်းစခန်းတစ်ခု ထားရှိပေးနိုင်ရေးစသည့်ကိစ္စရပ်များ …

Read More »

ပဲခူးမြို့တွင်ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသား/အမျိုသမီး တာဝေးအပြေးပြိုင်ပွဲကျင်းပ

FI

ဇွန် ၂၃ (ပဲခူး) =============== ပဲခူးတိုင်းအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး ပြီး ဇွန်လ(၂၃)ရက်နေ့ နံနက်(၆)နာရီအချိန်က ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး တာဝေးအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်က တာဝေးအပြေးပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပြိုင်ပွဲစည်ကမ်းများအား ရှင်းလင်းပြောကြားပြီး တာလွှတ်ပေးကာ အမျိုးသားတာဝေးအပြေးအားကစားသမားများက ပဲခူးတက္ကသိုလ်ရှေ့မှ စတင်၍လည်းကောင်း၊ အမျိုးသမီးတာဝေးအားကစားသမားများက ချင်စုအထပ်သာစက်ရုံ လမ်းထိပ်စတင်၍လည်းကောင်း ရွှမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့အထိ အမျိုးသား(၆)မိုင်၊ အမျိုးသမီး(၄)မိုင်တာဝေးအပြေးပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီး(အရှေ့)အတွင်းရှိ မြို့နယ်များမှ အမျိုးသားတာဝေးအပြေးသမား(၂၀၀)ဦး၊ အမျိုးသမီးတာဝေးအပြေးသမား(၁၀၀)ဦး စုစုပေါင်း(၃၀၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီးစတုတ္ထမှဒဿ မအထိရရှိသော အားကစားသမားများ ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအားကစားဆပ်ကော်မတီတာဝန်ရှိသူများက ငွေသားဆုများပေးအပ်ပြီး အမျိုးသမီးပထမရရှိမသဲသဲခိုင်(သနပ်ပင်)၊ ဒုတိယမနွေးသီရိနိုင်(ဖြူး)၊ တတိယမနှင်းယမုံဝေ(ဖြူး)တို့အား ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်မှလည်းကောင်း၊ အမျိုးသားပထမရရှိသော မောင်ပြည့်စုံနေ(ပဲခူး)၊ ဒုတိယမောင်တင်မောင်လတ်(ပဲခူး)၊ တတိယစောပြည့်စုံထော(ပဲခူး)တို့အား …

Read More »

မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာအုပ်စု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

FI

ဇွန် ၂၃ (မိုးညို) ================= ဇွန်လ (၂၃)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာ၊ သိဒ္ဓိကာရုံကျောင်းတိုက် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲသည် ပြည်သူများအကြား ဖြစ်ပေါ်နေတဲ့ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးရန်၊ ပြည်သူများကလည်း အများနှင့်သက်ဆိုင်သော ပြဿနာများကို စုပေါင်းညှိနှိုင်းအဖြေရှာတတ်စေရန် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ နိုင်ငံရေးစနစ်လွှဲမှားမှုကြောင့် ဆင်းရဲနွမ်းပါးမှုတွေ များပြားခဲ့ရာမှစ၍ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ယုံကြည်မှုလျော့နည်းခဲ့ပြီး ပြဿနာများ စတင်ပေါ်ပေါက်ခဲ့ရကြောင်း၊ ဒီအခြေအနေများသည် အစိုးရများအနေဖြင့် ပြည်သူလူထုအကြားမှာ ဒီမိုကရေစီစနစ် အောင်မြင်အောင် မကျင့်သုံးနိုင်ခဲ့၍ဖြစ်ကြောင်း၊ ယခုအခါ ဒီမိုကရေစီစနစ်ကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်နေသည့် ဒီမိုကရေစီအစိုးရသစ် လက်ထက်ကိုရောက်ရှိလာခဲ့ပြီးဖြစ်ကြောင်း၊ ဘယ်ကိစ္စကိုမဆို အတ္တ၊ ပရ မျှတစွာ တွေးခေါ်ခြင်း၊ စုပေါင်းဆွေးနွေးခြင်း၊ ပါဝင်ပတ်သက်သူများအားလုံး ပူးပေါင်းပါဝင်၍ ပြဿနာများကို …

Read More »