Home / 2019 / June / 24

Daily Archives: June 24, 2019

ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဇွန် ၂၄ (ဇီးကုန်း) ================ ဇွန်လ (၂၄)ရက်နေ့၊ မွန်းလွဲ(၂)အချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ရွှေတောင်မြို့နယ်၊ ကျီးသဲကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာ ခြံကြီးဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့ခေတ်ကာလသည် ဒီမိုကရေစီလူအသိုင်းအဝန်းကို တည်ဆောက်နေဆဲကာလဖြစ်ပြီး အခြေခံရေသောက်မြစ်ဖြစ်သော ပညာရေးစနစ်ကို နှစ်အလိုက် စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ယခင်က အလွတ်ကျက် အသေမှတ်စနစ်မှ ယခုအခါ သင်ကြားရေးစနစ်များတွင် ခွဲခြမ်းစိတ်ဖြာခြင်း၊ လေ့လာသုံးသပ်ခြင်း၊ ဝိုင်းဝန်းဆွေးနွေးအဖြေရှာခြင်း စသည့် ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ပေါ်ထွက်လာစေရန် ရှေရှုဆောင်ရွက်လျက်ရှိကြောင်း၊ ဒီနေရာများ ကျောင်းသားမိဘများအနေဖြင့်လည်း ပြောင်းလဲလာသည့် လူ့အဖွဲ့အစည်း၊ နိုင်ငံရေးအတွေးခေါ်၊ ပညာရေးစနစ်များတွင် အတူပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ ဒီမိုကရေစီလို့ခေါ်တဲ့ လူသားဝါဒကို အခြေခံသောစနစ်များ ပျက်သုန်းခဲ့ရခြင်းကြောင့် နိုင်ငံတကာအလည်တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ပါ ကျဆုံးခဲ့ရကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ဆည်ရေသောက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့်အတူ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်

FI

ဇွန် ၂၄ (ပေါင်းတည်) =============================== ဇွန်လ (၂၄)ရက်နေ့၊ နံနံပိုင်းက ပေါင်းတည်မြို့နယ်၊ ဝဲကြီးရေလှောင်တမံစီမံကိန်း ရှင်းလင်းဆောင်၌ ပဲခူးတိုင်းဒေသကြီးအနောက်ခြမ်း ဆည်ရေသောက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ပြီးမြောက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့်အတူ ဝန်ကြီးချုပ် ဦးဝင်းသိန်းတို့ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro Maruyama နှင့် JICA Myanmar ရုံး ကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ Mr. Masayuki KARASAWA တို့မှ အသီးသီးအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ ညွှန်ကြားရေးမှူး ဦးကျော်သူမှ စီမံကိန်းဆိုင်ရာလုပ်ငန်း အခြေအနေများအား ယခင်နှင့် ယခု အောင်မြင်ပြီစီးမှုအခြေအနေကို မှတ်တမ်းဓါတ်ပုံများနှင့်တကွ …

Read More »

အုတ်ဖိုမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံး ဖွင့်လှစ်ပွဲသို့ ဝန်ကြီ:ချုပ် ဦးဝင်းသိန်း တက်ရောက်

FI

ဇွန် ၂၄ (အုတ်ဖို) ========================= အုတ်ဖိုမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံး ဖွင့်လှစ်ပွဲအား ဇွန်လ (၂၄)ရက်နေ့၊ နံနက်(၇:၃၀)အချိန်က ကျင်းပခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦ:စွာ အုတ်ဖိုမြို့နယ် ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ရုံးအား ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေး၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ဝင် ဦးကျော််ဌေး၊ ပဲခူးတိုင်းဒေသကြီး ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်လွင်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနား တက်ရောက်လာကြသူများက ဖွင့်ပွဲဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပတ်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို ၂၀၁၆ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြင်ဆင်ချက်ဥပဒေပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတကြီးကလည်း ဥပဒေအထောက်အကူပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် စေတနာပါပါဖြင့် လုပ်ကိုင်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် မြို့နယ်အဖွဲ့များ၏ တာဝန်နှင့် …

Read More »