Home / 2019 / June / 25

Daily Archives: June 25, 2019

အောက်ခြေအခက်အခဲများအား ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ဝန်ကြီးချုပ် ပြောကြား

FI

ဇွန် ၂၅ (ဇီးကုန်း) ======================= ဇွန်လ (၂၅)ရက်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ဇီးကုန်းမြို့နယ်၊ ကံလေးကျေးရွာအုပ်စု၊ သစ်ဆင်ကျေးရွာ အောင်သုခဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် လူထုတွေ့ဆုံပွဲများတွင် အစိုးရ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ပြည်သူများ သိရှိစေရန် ဆောင်ရွက်ခဲ့ကြကြောင်း၊ မိမိတို့ ဒီမိုကရေစီကာလတွင် လူထုတွေ့ဆုံပွဲများ ကျင်းပရခြင်းသည် ပြည်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို ပြည်သူ၊ အစိုးရ၊ ဌာနဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ အနာဂတ်အတွင်းလည်း ရုပ်ပိုင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပြင် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကိုလည်း အမွေပေးခဲ့ရမှာဖြစ်ကြောင်း၊ ဒီအခြေအနေမှာ ထာဝရ အေးချမ်းတည်ငြိမ်သော ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာစေရန် မတူကွဲပြားမှုကို လက်ခံပြီး စုပေါင်းအားတစ်ခုအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် သစ်ဆင်အရှေ့စုနှင့် ကံကလေးအုပ်စုတို့မှ မူလတန်းလွန်ကျောင်း လျှောက်ထားရန်ကိစ္စ၊ သစ်ဆင်ရေတံခါးမှ …

Read More »

တရားစီရင်ရေးဆိုင်ရာမဟာဗျူ ဟာစီမံကိန်း အကောင်အထည်ဖော်မှုရှင်းလင်းပွဲကျင်းပပြုလုပ်။

FI

ဇွန် ၂၅ (ပဲခူး) =============== ဇွန်လ(၂၅)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့ရှိ တိုင်းဒေသကြီးတရားလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်မှု ရှင်းလင်းပွဲနှင့် ကြန့်ကြာမှုခင်းများ လျော့နည်းကျဆင်းရေး ဆွေးနွေးပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စား သယံဇာတ၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းနှင့် လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်တို့က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူအားလုံး တရားဥပဒေစိုးမိုးခြင်း၏ အနှစ်သာရကို ပြည့်ပြည့်ဝဝခံစားစေဖို့ ပြည်ထောင်စုလွှတ်တော်တရားသူကြီးချုပ်ရဲ့ တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်ရန်နှင့် ကြန့်ကြာမှုခင်းများ လျော့နည်းကျဆင်းစေရန် ဆောင်ရွက်ရမည့်အချက်များကို တရားရေးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းအားလုံးက ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အားလုံးအတွက် တိုးတက်ကောင်းမွန်သော တရားမျှတမှုဆီသို့ “TOWARDS IMPROVING JUSTICE FOR ALL” ဆောင်ပုဒ်အတိုင်း တရားရေးဌာနနှင့်အတူ စုပေါင်းအင်အားဖြင့် လျှောက်လှမ်းကြရန် ၊ မူခင်းစီမံခန့်ခွဲမှုစနစ်သည် ပြည်သူ့အတွက် အကျိုးဖြစ်ထွန်းနိုင်သည့် လုပ်ဆောင်ချက်များဖြစ်သောကြောင့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် …

Read More »