Home / 2019 / June / 26

Daily Archives: June 26, 2019

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်

FI

ဇွန် ၂၆ (ပဲခူး) =============== ဇွန်လ (၂၆)ရက်နေ့၊ မွန်းလွဲ(၂:၂၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တတိယ(၁)နှစ်တာ လုပ်ငန်းဆောင်ရွက်မှု သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သည့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်စဉ်များအား အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် မီဒီယာများမှ မိတ်ဆက်ခဲ့ပြီးနောက် သတင်းထောက် ဦးဇော်မိုး (Weekly Head Line News Journal) နှင့် ဦးမျိုးမြတ်(မြစ်မခ)တို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများ အကျိုးရလဒ်နှင့် ပြည်သူများနှင့် တွေ့ဆုံပွဲတွင် ဖြေရှင်းပေးရသည့် အများဆုံးအမှုကိစ္စများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား ပြည်ထောင်စု အစိုးရအဖွဲ့ရုံးအောက်သို့ ပြောင်းရွှေ့ခဲ့မှုနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုအပိုင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လာရောက်စဉ် တင်ပြခဲ့သည့် တိုင်းကြားစာနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ရှင်းလင်းဖြေကြားပေးရန် …

Read More »

ပဲခူးမြို့တွင် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

FI

ဇွန် ၂၆ (ပဲခူး) ===================== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှ ၂၀၁၉ ခုနှစ် (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဝင်းသိန်းက ၂၀၁၉ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဆိုင်ရာရုံး(UNODC)မှ ချမှတ်ပေးလိုက်သည့် ဆောင်ပုဒ်သည် “ကျန်းမာရေးနှင့် တရားရေးမူးယစ်ကင်းဖို့လက်တွဲစို့” ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမပျောက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူပြီး နိုင်ငံတော်၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီဖြင့် အရှိန်အဟုန်မြင့် ဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီးလှမျိုးရွှေက မူးယစ်ဗဟိုအဖွဲ့ …

Read More »