Home / 2019 / June / 29

Daily Archives: June 29, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

fi

ဇွန် ၂၉ (သနပ်ပင်) ================ ဇွန်လ (၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက သနပ်ပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ တန်ကြီးချုပ် ဦးဝင်းသိန်းသည် သနပ်ပင်မြို့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။ ရှေးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် သယံဇာတသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ စောညိုဝင်းတို့က လူနေမှုဘဝများ မြှင့်မားနိုင်ရေးအတွက် ဒီမိုကရေစီ အခြေခံကောင်းများ ထွန်းကားစေရန်နှင့် အစိုးရ၊ ပြည်သူ၊ ဌာနဆိုင်ရာ ပူးပေါင်း၍ အင်အားတစ်ရပ်ကို ဖန်တီးကာ ဒီမိုကရေစီဖက်ဒယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာနိုင်ရေး တွန်းအားပေး ဆောင်ရွက်ကြရန် အမှာစကား အသီးသီးပြောကြားခဲ့သည်။ ထို့နောက် တက်ရောလာသည့် ဒေသခံပြည်သူများက မြို့တွင်းလမ်း/တံတားများ အဆင့်မြှင့်တင်ပေးရန်၊ ရေကြီးနစ်မြှုပ်သည့် ရပ်ကွက်များအား ရေကြီးနစ်မြှုပ်မှု ကာကွယ်ရေးအစီအမံများ ကြိုတင်ဆောင်ရွက်ပေးထားရန်၊ မြေယာကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍနှင့် အခြားဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ တင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီး ဒေါက်တာစောညိုဝင်းတို့က လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း သနပ်ပင်မြို့နယ် ကမာစဲကျေးရွာအုပ်စု၌ လူထုတွေ့ဆုံပွဲ ကျင်းပပြုလုပ်

FI

ဇွန် ၂၉ (သနပ်ပင်) ================ ဇွန်လ (၂၉)ရက်နေ့၊ နံနက်(၉)နာရီအချိန်က ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သနပ်ပင်မြို့နယ် ကမာစဲကျေးရွာအုပ်စု၌ လူထုတွေ့ဆုံပွဲများ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လူထုတွေ့ဆုံပွဲများ ကျင်းပရခြင်းသည် ဒီမိုကရေစီစနစ်နှင့်အညီ ပြည်သူလူထုကြား ပြဿနာရပ်များကို အစိုးရ၊ ပြည်သူ၊ ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းအဖြေရှာပေးနိုင်ရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာအလယ်တွင် ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ ကျရှုံးခဲ့မှုကို ကယ်တင်နိုင်ရန်အတွက် ပညာရေးစနစ်ကို စတင်ပြောင်းလဲနေပြီဖြစ်ကြောင်း၊ ယနေ့အချိန်ထိ အောင်မြင်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှေ့တန်းရောက်နေတဲ့ နိုင်ငံတိုင်းသည် ဒီမိုကရေစီစနစ်ကို အောင်မြင်စွာကျင့်သုံးနိုင်ခဲ့တဲ့ နိုင်ငံတွေပဲဖြစ်ပြီး တိုင်းပြည်ကိုအာဏာစနစ်ဖြင့် အုပ်ချုပ်တဲ့နိုင်ငံတိုင်းဟာ ကျဆုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ဒါကြောင့် မိမိတို့နိုင်ငံကိုလည်း ဒီမိုကရေစီစနစ်ကို အခြေခံမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ဒါကြောင့်လည်း အစိုးရပဲ ဒီမိုကရေစီစနစ်ကို ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရန် ကြိုးစားဆောင်ရွက်နေသလို …

Read More »

မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)ဖွင့်ပွဲအခမ်းအနားသို့ ဝန်ကြီးချုပ်ဦးဝင်းသိန်းတက်ရောက်

FI

ဇွန် ၂၉ (သနပ်ပင်) ================ ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ်၊ လှာပကစ်ကျေးရွာတွင် ဇွန်လ(၂၉)ရက်နေ့ နံနက်(၈:၃၀)နာရီအချိန်က မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး၊ မြန်မာမုဒိတာဖောင်ဒေးရှင်းအသင်း ဥက္ကဌ ဦးတင်မောင်နိုင်၊ လှပကစ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ဝင်းတို့ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် လှပကစ်ကျေးရွာ သောက်ရေကန်ပေါင်ပေါ်တွင် သစ်ပင်စိုက်ပျိုးပေးကြပြီး ကျောင်းသား/သူများနှင့် ကျေးရွာသူ/သားများ အားကစားပြုလုပ်နိုင်ရန်အတွက် ကျောင်းအုပ်ဆရာကြီးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အားကစားဘောလုံးများ ပေးအပ်ခဲ့သည်။ မြန်မာမုဒိတာဖောင်ဒေးရှင်း၏ စာကြည့်တိုက်အမှတ်(၇)သည် အလျား(၃၀)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၂)ပေရှိ တစ်ထပ်အဆောက်အဦဖြစ်ပြီး သုတ၊ ရသ၊ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များ (၈၅၀)ကျော် ထားရှိထားကြောင်း သိရသည်။ မြန်မာမုဒိတာဖောင်ဒေးရှင်း …

Read More »