Home / 2019 / July / 22

Daily Archives: July 22, 2019

ပြည်မြို့တွင် တိုင်းဒေသကြီးအဆင့် ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နိုင်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

FI

ပြည် ဇူလိုင် ၂၂ ============= သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်မီစနစ် တကျ ပြန်လည်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် တိုင်းဒေသကြီးအဆင့် ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၂၂ နံနက် ၈ နာရီက ပြည်မြို့ ဖောင်တော်ဦးဘုရား အနောက်ဘက် နဝင်းရပ်ကွက်၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးဆွေ တက်ရောက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြည်ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးကျော် ဦးဆောင်သော သန္ဓေ/အရန်မီးသက်တပ်ဖွဲ့ဝင် (၂၀၀)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ရေပြင်မီးငြိမ်းသတ်ရေး၊ ရေပြင်ရှာဖွေကယ်ဆယ်ရေးနှင့် ရေပြင်ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခြင်းတို့ကို သဏ္ဍာန်တူဇာတ်တိုက် လေ့ကျင့်လက်တွေ့သရုပ်ပြခဲ့ကြပြီး ယင်းသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာသို့ ပြည်ခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးသောင်းထိုက်၊ ဒုတိယတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးကျော်ကျော်၊ ပြည်ခရိုင် အုပ်ချုပ်ရေးမှူး …

Read More »

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ သတင်းရေးသားထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

FI

ပဲခူး ဇူလိုင် ၂၂ ====================== ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၉:၃၀)အချိန်က ပဲခူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ သတင်းရေးသား ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူနှင့်အစိုးရ ပေါင်းကူးဆက်ဆံပေးသော ဌာနဖြစ်သောကြောင့် သတင်းအချက်အလက်များသည် အရေးကြီးကြောင်း၊ သတင်းအရည်အသွေးများ တိုးတက်လာဖို့ လုပ်ငန်းများ ကျွမ်းကျင်ဖို့လိုကြောင်း၊ ယခုသင်တန်းတွင် စနစ်တကျသင်ကြားပြီး မှန်ကန်တိကျသော မိမိရေးသားသောသတင်းကို တာဝန်ယူမှုတာဝန်ခံမှုဖြင့် ရေးသားစေလိုကြောင်း၊ သတင်းခိုင်မာဖို့ သတင်းကျင့်ဝတ်နှင့်ညီညွှတ်ဖို့လိုအပ်ကြောင်း၊ ဘယ်အရာမဆို စည်းမျဉ်းစည်းကမ်းနှင့် ကျင့်ဝတ်များရှိတဲ့အတွက်ကြောင့် စနစ်တကျလေ့လာပြီး အစိုးရနှင့် ပြည်သူကြား ပေါင်းကူးဆက်ဆံပေးစေလိုကြောင်း၊ အစိုးရနှင့် လွှတ်တော်ဆောင်ရွက်နေမှုများ၊ ပြည်သူအကျိုးပြုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပြည်သူများထံသို့ ဖော်ပြနိုင်ရေး ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားပေးသည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်က သတင်းရေးသားထုတ်ပြန်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ …

Read More »