Home / 2019 / July / 29

Daily Archives: July 29, 2019

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု

FI

ဇူလိုင် ၂၉ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇူလိုင်လ(၂၉)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်ခန့်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ ဥပဒေချုပ် ဦးအုန်းမြင့်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့်အတူ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြီး ဆေးရုံလိုအပ်ချက်များနှင့် လူနာများ ဆေးကုသမှုအခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြသည်။ ဝန်ကြီးချုပ်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါက်တာအေးငြိမ်းနှင့် ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်တို့က ဆေးရုံကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီးလိုင်းအပါအဝင် လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်ရန် လျာထားမှုကို ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်မှ ပြန်လည်ဆွေးနွေး လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးသို့ လာရောက်ကုသမှုခံယူနေကြသည့် လူနာများနှင့် လူနာရှင်များအား ရင်နှီးစွာတွေ့ဆုံနှုတ်ဆက်ပြီး ကျန်းမာရေးအခြေအနေများကို မေးမြန်းကာ ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် ပဲခူးဒေသရှိဆေးရုံများအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း …

Read More »

သာယာဝတီခရိုင်အတွင်းရှိ လဝကရုံး၌ လုပ်ငန်းဆောင်ရွက်မှုများအား တိုင်းဒေသကြီးဝန်ကြီး ကြည့်ရှုစစ်ဆေး

FI

 ဇူလိုင် ၂၇ (သာယာဝတီ) ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝန်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦးသည် ဇူလိုင်လ(၂၈)ရက်နေ့ နံနက်ပိုင်းအချိန်က သာယာဝတီခရိုင်အတွင်းရှိ လဝကရုံးများသို့ သွားရောက်ပြီး ဦးစီးဌာန၏ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးသည် သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်စိုးနှင့်အတူ နတ်တလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံးသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့နယ်ဦးစီးမှူး ဦးကျင်စိန်က ဦးစီးဌာနလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးက လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်ဝန်ကြီးနှင့် ခရိုင်ဦးစီးမှူးတို့သည် ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်နှင့် သာယာဝတီမြို့နယ်များသို့ သွားရောက်ပြီး ဦးစီးဌာနဝန်ထမ်းများနှင့် တွေ့ဆုံကာ မြို့နယ်ဦးစီးမှူးများက မိမိတို့မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြကြရာ ဝန်ကြီးမှ အဂတိကင်းရှင်းရေး၊ လုပ်ငန်းတာဝန်ဝတ္တရားဆောင်ရွက်ရာတွင် ပြည်သူအပေါ် စေတနာထားဆောင်ရွက်ပေးရေး၊ အချိန်နှင့်တစ်ပြေးညီ မြန်မြန်ဆန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »