Home / 2019 / July / 30

Daily Archives: July 30, 2019

ပန်းတောင်းမြို့၌ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

FI

ဇူလိုင် ၃၀ (ပန်းတောင်း) ================================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ဇော်နိုင်သည် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်(၉)နာရီတွင် ပန်းတောင်းမြို့၊ မြို့နယ်စည်ပင်သာယာခန်းမတွင် ပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်က ကျေးလက်နေ ပြည်သူလူထု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျတဲ့ အခြေခံအဆောက်အဦတွေနဲ့ ဝန်ဆောင်မှုများကို ပြည်သူဗဟိုပြုတဲ့ နည်းလမ်းနဲ့ လက်လှမ်းမီ အသုံးပြုရန်နှင့် ပြည်သူလူထုရဲ့ စွမ်းဆောင်ရည်တွေ တိုးတက်မြင့်မားလာစေဖို့ စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးတဲ့ စီမံကိန်းဖြစ်တာမို့ စီမံကိန်းကို ရရှိဆောင်ရွက်တဲ့ မြို့နယ်များမှာရှိတဲ့ ကျေးရွာပြည်သူလူထုအနေနဲ့ အကျိုးကျေးဇူးများစွာ ရရှိခံစားရမှာ ဖြစ်ပါသည်။ အဆိုပါ စီမံကိန်းမှာ ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာ …

Read More »

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

FI

ဇူလိုင် ၃၀ (ပဲခူး) =============== ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက် ဥဿာသီရိစာသင်တိုက် ဝိမလရတနာသီရိဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဥဿာသီရိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယထံမှ ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည်။ ထို့နောက် ဝန်ကြီးချုပ်အမှူးပြုသော ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူပြီး ရေစက်သွန်းချ အမျှအတမ်းပေးဝေကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းပြီး ရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူ ဒါန်းကြကြောင်း သိရသည်။ ပဲခူးမြို့ဥဿာသီရိစာသင်တိုက်တွင် မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်း၊ …

Read More »