Home / 2019 / August / 27

Daily Archives: August 27, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့၌ကျင်းပသည့် ဗဟိုနှင့်တိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲသို့တက်ရောက်

ff

သြဂုတ် ၂၇ (ပဲခူး) ====================== ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံအဖွဲ့တို့ တွေ့ဆုံပွဲအား သြဂုတ်လ(၂၇)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ဘာသာတရားတိုင်းက မကောင်းမှုမပြုလုပ်ရန်၊ ကောင်းသောအလုပ်နှင့် ကောင်းသော ပြောဆိုနေထိုင်ကျင့်သုံးရန်၊ စိတ်ကို ဖြူစင်အောင်တည်ဆောက်ရန် လမ်းညွှန်ပြသထားသော်လည်း အချို့သူများက မျက်နှာလွှဲ၍ လိုက်နာကျင့်သုံးမှုမရှိ၍ ငြိမ်းချမ်းမှုနှင့် အလှမ်းကွာဝေးလျက်ရှိကြောင်း၊ အချို့သော သင်ကြားရေးများတွင် ဘာသာတရား၏ မူရင်းအစစ်အမှန်ဒေသနာတော်ကို လွဲမှားစွာ အနက်ဖွင့်ဆိုပြီး နောက်လိုက်ဘာသာဝင်များကို လွှဲမှားစွာလမ်းညွှန်မှုပြုနေကြသည်လည်းရှိကြောင်း၊ ဒါကြောင့် တာဝန်ရှိသူအားလုံး စစ်မှန်သော ဒေသနာတော်ပေါ်ထွန်းရေးနှင့် ကိုယ်ကျင့်သိက္ခာမြင့်မားသည့် ဘာသာရေးဦးဆောင်သူများ ထွက်ပေါ်လာရေး အလေးဂရုပြုရမည်ဖြစ်ပြီး မတူညီသော ဘာသာဝင်များအကြား ပဋိပက္ခအသွင်ရှောင်ရှားပြီး ငြိမ်းချမ်းရေးနှင့်လုံခြုံမှုအသွင်ကို တည်ဆောက်ကြရမှာဖြစ်ကြောင်း၊ ကိုးကွယ်မှုဘာသာတိုင်းတွင် လူသားအားလုံးအတွက် အကျိုးဖြစ်ထွန်းစေရေး၊ လူ့ဘောင်လောကကြီး အေးချမ်းသာယာရေးအတွက် အဆုံးအမတရားများ၊ လမ်းညွှန်ချက်များ၊ နည်းပေးလမ်းပြလိုက်နာစေရန် သွန်သင်ချက်များပါရှိနေသည့်အတွက် …

Read More »