Home / 2019 / August / 29

Daily Archives: August 29, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ပဲခူးမြို့တွင်ပြုလုပ်သည့် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲသို့ တက်ရောက်

FI

သြဂုတ် ၂၉ (ပဲခူး) ========================= ပဲခူးတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး သြဂုတ်လ(၂၉)ရက်နေ့ နံနက်(၉)နာရီအချိန်က ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ပဲခူးတိုင်းဒေသကြီး ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်ခဲ့သည်။ ရှေးဦးစွာ ချည်ဖြူ ဖွဲ့မင်္ဂလာပွဲသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတို့အား အလေးပြုကြပြီး ကရင်အမျိုးသားသီချင်းသီဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက တက်ရောက်လာကြသူများနှင့် ကရင်တိုင်းရင်းသားလူမျိူးများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာသုခအဖြာဖြာ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်စကားနှင့် တိုင်းရင်းသား ညီအကိုမောင်နှမများအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်ဖို့အတွက် စုစည်းညီညွတ်သည့် စွမ်းပကားဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်၊ မိမိတို့အတွက်သာမက အနာဂတ်မှာပါ ပြည်ထောင်စုကြီးအေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန် အမှာစကား ပြောကြားကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးခင်မောင်ရင်က ဝမ်းမြောက်စကားပြောကြားပြီး ကရင်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးက …

Read More »