Home / 2019 / August / 31

Daily Archives: August 31, 2019

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဘုရားကြီးမြို့အပိုင်ကျေးရွာအုပ်စုများမှ ကျေးရွာနေပြည်သူများနှင့်တွ့ဆုံ

FI

သြဂုတ် ၃၁ (ပဲခူး) ============== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၃၁)ရက်နေ့ မွန်းလွဲ(၂:၄၅)နာရီအချိန်က သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့နယ် ဘုရားကြီးမြို့ ဝမ်းဘဲအင်းကျေးရွာ ကံမြင့်ခေမာသီဝံဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဘုရားကြီးမြို့အပိုင် ကျေးရွာအုပ်စုများမှ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဝမ်းဘဲအင်းကျေးရွာ ကံမြင့်ခေမာသီဝံဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမျှော်ပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက်  ဝမ်းဘဲအင်းကျေးရွာ ကံမြင့်ခေမာသီဝံဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဘုရားကြီးမြို့အပိုင် ကျေးရွာအုပ်စုများမှ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် နိုင်ငံရေးစနစ်အခြေအနေအရ လူတန်းစားအလွှာအသီးသီးမှ ပြုပြင်ပြောင်းလဲမှုများ လိုချင်ခဲ့ရသော်လည်း အောင်မြင်မှုမရရှိနိုင်ခဲ့ဘဲ မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရကြောင်း၊ ဒီအခြေအနေမှာ နိုင်ငံတော်အနေနဲ့ တိုင်းပြည်ကို လုံခြုံရေး၊ တည်ငြိမ်ရေးကိုသာ ရှေရှုဆောင်ရွက်ခဲ့ရပြီး ကျန်သည့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးစသည်တို့ဘက်မှာ နိုင်ငံတကာနှင့်ယှဉ်လျှင် နှစ်ပေါင်းများစွာ …

Read More »

ဒေးစွန်ပါတောင် ပြိုကျမှုအစိတ်အပိုင်း ပြန်လည်ဆောင်ရွက်နေမှုအား ဝန်ကြီးချုပ် ဦးဝင်းသိန်း သွားရောက်ကြည့်ရှု

FI

သြဂုတ် ၃၁ (ပဲခူး) ================ သြဂုတ်လ(၃၁)ရက်နေ့ မွန်းလွှဲ(၁:၃၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ် ဝမ်းဘဲအင်းကျေးရွာအနီး ဒေးစွန်ပါစေတီတော်မြတ်ကြီးတည်ရှိရာ ဒေးစွန်ပါတောင် ပြိုကျမှုအစိတ်အပိုင်း ပြန်လည်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ဝန်ကြီးချုပ်နှင့်အဖွဲ့အား သမိုင်းဝင်ဆုတောင်းပြည့် ဒေးစွန်ပါစေတီတော်မြတ်ကြီး၏ ဂေါပကဥက္ကဌ ဦးသန်းနိုင်က တောင်ပြိုကျမှုအခြေအနေ၊ ပြန်လည်ဆောင်ရွက်နေမှုအခြေအနေ၊ ပိုင်များရိုက်သွင်းထားရှိမှု အခြေအနေများကို ရှင်းလင်းပြသတင်ပြရာ ဝန်ကြီးချုပ်မှ လုပ်ငန်းဆောင်ရွက်ရာတွင် စနစ်တကျခိုင်ခန့်မှုရှိအောင် ကျွမ်းကျင်ပညာရှင်များနှင့် သေချာစွာတွက်ချက်ပြီး စမ်းသပ်ဆောင်ရွက်ကြရန်၊ ဒေးစွန်ပါစေတီတည်ရှိရာ တောင်တန်းသည် စိမ်းလန်းစိုပြည်စွာ တည်ရှိနေခြင်းကြောင့် ဘုရားဖူးလာပြည်သူများများ လာရောက်ဖူးမျှော်ခြင်းအပြင် အပန်းဖြေစရာနေရာတစ်ခုအဖြစ် ဆောင်ရွက်နိုင်အောင် စေတီတော်ကြီး၏ ဂေါပကအဖွဲ့တာဝန်ရှိသူများက စနစ်တကျ ဆောင်ရွက်ကျဖို့လိုကြောင်း လမ်းညွှန်မှာကြားပြီး တောင်ပြိုကျမှုနေရာတွင် ပိုင်တိုင်များရိုက်သွင်းစိုက်ထူခြင်း ပြန်လည်ဆောင်ရွက်နေသည့် လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အဖွဲ့သည် ဒေးစွန်ပါတောင်ပေါ်သို့တက်ရောက်ပြီး သမိုင်းဝင်ဆုတောင်းပြည့် ဒေးစွန်ပါစေတီတော်မြတ်ကြီးအား ဖူးမျှော်ကန်တော့ပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ …

Read More »

ဝန်ကြီးချုပ် ဦးဝင်းသိန်း ဝေါမြို့နယ်တနော်ကျွန်းကျေးရွာ ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

FI

သြဂုတ် ၃၁ (ဝေါ) ================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် သြဂုတ်လ(၃၁)ရက်နေ့ နံနက်(၉)နာရီအချိန်က လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်အတူ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ အုန်းတောကျောင်းတိုက် ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် ဒေသဖွံ့ဖြိုးရေး၊ ပြည်သူများ၏ ပြဿနာများ ပေါင်းစပ်ညှိနှုင်း ဖြေရှင်းပေးရန်အတွက် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာဝန်ကြီးချုပ်နှင့်အဖွဲ့သည် တနော်ကျွန်းကျေးရွာ အုန်းတောကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီးအား ဖူးမျှော်ကန်တော့ပြီး သာသနာရေးဆိုင်ရာများလျှောက်ထားကာ လှူ ဖွယ်ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် အုန်းတော်ကျောင်းတိုက်ဓမ္မာရုံတွင် တနော်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ဝန်ကြီးချုပ် ဦးဝင်းသိန်းက ယနေ့နေရာတိုင်းတွင် အဖွဲ့အစည်းအမျိုးမျိုး ဖွဲ့စည်းထားကြသော်လည်း ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကြောင့် ပြိုင်ဆိုင်မှုများဖြစ်ပေါ်လာပြီး တစ်ဦးနှင့်တစ်ဦး ယုံကြည့်မှုလျော့နည်းကာ ပြဿနာများဖြစ်ပွားနေသည်ကို ကြားသိနေရကြောင်း၊ အဓိကအားဖြင့် ကျေးရွာများတွင် မီးလင်းရေးပြဿနာများ၊ မြေယာပြဿနာများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ဒေသခံပြည်သူများ၏ အခက်အခဲပြဿနာများဖြေရှင်းပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် …

Read More »